စင်္ကာပူ၊ ဖေဖေါ်ဝါရီ ၁၄
အစိုးရက လုပ်ငန်း ၁၈ခုအပေါ် ကုန်စည်နဲ့ ဝန်ဆောင်မှုအခွန် “မှားယွင်းစွာကောက်ခံခြင်း” အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ အေဂျင်စီခြောက်ခုက တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်မှားယွင်း ကောက်ခံခဲ့တဲ့ လူတစ်ဦးချင်းနဲ့ လုပ်ငန်းတွေ အတွက် အနည်းဆုံး စင်ကာပူဒေါ်လာ ၇ ဒသမ ၅သန်း (အမေရိကန်ဒေါ်လာ ၅ ဒသမ ၆သန်း) ကိုလည်း ပြန်အမ်းမှာ ဖြစ်ပါတယ်။
အိမ်ရာနဲ့ ဖွံ့ဖြိုးရေးဘုတ်အဖွဲ့၊ မြေယာသယ်ယူပို့ဆောင်ရေးအာဏာပိုင်၊ မြို့ပြပြန်လည်တည်ဆောက်ရေး အာဏာပိုင်အဖွဲ့၊ စင်္ကာပူအစားအစာအေဂျင်စီ၊ ပြည်သူ့အုပ်ထိန်းသူရုံးနဲ့ အိမ်ခြံမြေအေဂျင်စီ စတာတွေ အတွက် လာမယ့် မတ်လက စပြီးပြန်အမ်းငွေတွေကို ပေးသွားမှာလို့ သိရပါတယ်။
တချို့သောအစိုးရအခကြေးငွေတွေအတွက် အခွန်ကောက်ခံမှုတွေ မှားယွင်းနေတာကို ပြီးခဲ့တဲ့ ၂၀၂၃ခု နိုဝင်ဘာမှာ စတွေ့ခဲ့ပြီး ၂၀၂၄ ဇန်နဝါရီမှာတော့ အပြီးသတ် တွက်ချက်ပြီး အခုလို ပြန်လည်ပေးလျော်ဖို့ ဖြစ်လာခဲ့တာ လို့ ဘဏ္ဍာရေးဝန်ကြီးဌာ န (MOF) က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။။ သုံးသပ်ချက်အရ အေဂျင်စီခြောက်ခုကနေ အဖွဲ့အစည်း၊လုပ်ငန်း ၁၈ ခုကို မှားယွင်းစွာ ကောက်ခံနေခဲ့တာလို့ ဆိုပါတယ်။
မှားယွင်းမှုအတွက် ဝန်ကြီးဌာနနဲ့ အေဂျင်စီတွေက တောင်းပန်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား တယ်လို့ သိရပါတယ်။
Ref: CAN
Feature Image Credit: Reuters



