လျှပ်စစ်မီးပြတ်တောက်သည့်အပေါ် ဝေဖန်ဆဲဆိုခဲ့သည့် တေးရေး တေးဆို ဗျူဟာ အဖမ်းခံရ

လျှပ်စစ်မီးပြတ်တောက်သည့်အပေါ် ဝေဖန်ဆဲဆိုခဲ့သည့် တေးရေး တေးဆို ဗျူဟာ ယနေ့ တွင် အဖမ်းခံရကြောင်း သိရသည်။

ယမန်နေ့ မေလ ၂၃ ရက်က သူ၏ Byuhar Page လူမှုကွန်ရက်တွင် Live လွှင့်၍ ရန်ကုန်မြို့ မီးပျက်သည့်အပေါ် ဝေဖန်ဆဲဆိုခဲ့ပြီး “ရန်ကုန်မြို့ကို လျှပ်စစ်မီး ၅ နာရီခြား ခွဲတန်းနဲ့ပေးတာတောင် စောက်ဖြစ်ရှိအောင် မပေးနိုင်တော့တဲ့ကောင်တွေ” ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။

တေးရေး တေးဆို ဗျူဟာ က Live လွှင့်ရာတွင် သူနေထိုင်သည့်နေရာ လိပ်စာကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၈ ရပ်ကွက် ၊ ဗထူးအိမ်ရာ ဟု တိတိကျကျ ရေးသားထားသည်ကိုလည်း တွေ့ရသည်

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *