လျှပ်စစ်ကားများကို သတ်မှတ်ထားတဲ့ အမြတ်ရာခိုင်နှုန်းထက် ပိုမိုရောင်းချ ပါ က လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းမည်

■လျှပ်စစ်ကားများကို ရောင်းချရာမှာ အမြတ် ၂၀ရာခိုင်နှုန်းထက် ပိုမရောင်း ရလို့ သတ်မှတ်ထား

ပြည်တွင်းမှာရောင်းချပေးနေတဲ့လျှပ် စစ် ကားများကို သတ်မှတ်ထားတဲ့ အ မြတ်ရာခိုင်နှုန်းထက် ပိုမိုရောင်းချပါက လုပ်ငန်းရှင်ရဲ့လုပ်ကိုင်ခွင့်မှတ်ပုံ လက်မှတ်ကို ပိတ်သိမ်း အရေးယူသွား မယ်လို့ နစကရဲ့လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံ မှုနှင့်တင်သွင်း၊ တင်ပို့၊ တပ်ဆင် ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်း ကော်မတီက သိရပါတယ်။

လျှပ်စစ်ကားတွေကို ပြည်တွင်းမှာ ရောင်းချတဲ့အခါ အမြတ် ၂၀ရာခိုင်နှုန်း ထက် ပိုမရောင်းရလို့ သတ်မှတ်ထားတဲ့ အပြင် လူမှုကွန်ယက်မှာ ကြော်ငြာပြီး တော့ မရောင်းချဖို့၊အရောင်းပြခန်းတွေ မှာ ကားတွေ မရောက်သေးဘဲ ကြို ရောင်း(Pre Order)တာမျိုးကိုလည်း မလုပ်ဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

တားမြစ်သတ်မှတ်ချက်တွေကို မလိုက် နာဘူးဆိုရင် စီမံခန့်ခွဲမှု နည်းလမ်းအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံ တင်လက်မှတ် ပိတ်သိမ်းသွားမှာ ဖြစ်တဲ့အပြင် စားသုံးသူရေးရာဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

Visited 33 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *