
Photo Credit: Parkwood Entertainment
ဒူဘိုင်း၊ ဇန်နဝါရီ ၂၁
ဘီယွန်းစေး တစ်ယောက် လေးနှစ်တာကာလအတွင်း သူ့ရဲ့ ပထမဆုံးဖျော်ဖြေပွဲကို ဒူဘိုင်းက Atlantis the Royal Hotel မှာ ပြီးခဲ့တဲ့ စနေနေ့ ဇန်နဝါရီ ၂၁ရက်ကကျင်းပခဲ့ပါတယ်။
ပွဲကတော့ သူရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Parkwood Entertainment က စီစဥ်တာဖြစ်ပြီး ပွဲစဥ်မှာ America’s Got Talent ဆုရှင်တွေ ပါဝင်ခဲ့သလို လက်ဘနွန်နိုင်ငံက အမျိုးသမီး အကအဖွဲ့ဖြစ်တဲ့ Mayyas ကလည်း Emmy ဆန်ခါတင်စာရင်းဝင် Fatima Robinsonရဲ့ ရင်သပ်ရှုမောဖွယ် ကကွက်တွေနဲ့ စင်ပေါ်မှာ ဖျော်ဖြေခဲ့ကြပါတယ်။
ဒါ့အပြင် ပွဲစဥ်တစ်ခုလုံး အတွက် ဘီယွန်ဆေး ဝတ်ဖို့ ဖက်ရှင်ဒီဇိုင်းတွေကိုတော့ Dolce & Gabbana၊ ဒူဘိုင်းက Atelier Zuhra၊ လက်ဘနွန်က Nicolas Jebran နဲ့ ယူကရိန်းက Frolov တို့က အထူးတစ်လယ် ဒီဇိုင်းဆွဲပေး ထား ကြတာလို့ သိရပါတယ်။။
ညနေပိုင်း မှာ ကျင်းပတဲ့ တစ်နာရီကြာ ဖျော်ဖြေပွဲအတွင်း ဆဲလ်ဖုန်းတွေကို သတ်မှတ်ပေးထားတဲ အိတ်တွေထဲ သိမ်း ဆည်း ထားပေးဖို့ ပရိသတ်တွေကို အထပ်ထပ် ပြောခဲ့ပေမယ့် လည်း စာနယ်ဇင်းသမားတွေနဲ့ ပွဲလာတဲ့ အခြားသူတွေက မီးရှူးမီးပန်းတွေ ၊ မိုးရွာချတဲ့ ပြကွက်တွေနဲ့ ကောင်းကင်ပေါ်ကို လွှင့်တက်နေတဲ့ ဘေယွန်ဆေး ရဲ့ ဖျော် ဖြေမှုတွေကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြပါတယ်။
Vogue Arabiaရဲ့ အယ်ဒီတာချုပ် Manuel Arnaut ကလည်း အင်စတာဂရမ်မှာ… ကောင်းကင်ပေါ်ကို ဘေယွန် ဆေး တက်သွားတဲ့ ဗီဒီယိုကို မျှဝေခဲ့ပါတယ်။။ “နတ်ဘုရားမတစ်ယောက်လိုပါပဲ၊ ဒီည @beyonce ဟာ @atlantistheroyal ဖွင့်ပွဲကို ဂုဏ်ပြုဖို့အတွက် ဒူဘိုင်းရဲ့ ကောင်းကင်ကို တက်သွားတယ်” လို့ ဆိုပြီး စာတန်း ထိုးထားပါတယ်။ “ဒီဖျော်ဖြေပွဲမှာ Warda၊ Fairuz၊ Batwanness Beek နဲ့ Li Beirut တို့ရဲ့ သီချင်းတွေလည်း ပါ၀င်ပါတယ်။! အံ့မခန်း ညပါလို့ ရေးသားထားကြောင်းပါ။
ဒါပေမယ့် ဒီပွဲဟာ သူ့ရဲ့ ပရိသတ်တွေကို ပွဲစဥ်ကြေငြာ၊ ပြီးတော့ လက်မှတ်ရောင်း နောက်တော့ ပရိသတ်ကို ဖျော်ဖြေ စတဲ့ ပုံမှန်ဖျော်ဖြေရေး မဟုတ်ခဲ့ဘဲ ဖိတ်ကြားခံရသူတွေသာ သီးသန့် တက်ခွင့်ရတဲ့ ပွဲ ဖြစ်ခဲ့လို့ ဘီယွန်ဆေး တစ်ယောက် ဝေဖန်ကဲရဲ့ မှုတွေ သောသောညံ အောင် ခံနေရကြောင်းလည်း သိရပါတယ်။
Ref: ENEWS
ပွဲနေ့ မြင်ကွင်းတချို့

