လေးနိုင်ငံ ကွက်ဒ်မဟာမိတ် တတိယ မြောက်ထိပ်သီးဆွေးနွေးပွဲကို မေ၂၀ရက် မွန်းလွဲပိုင်းက ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပခဲ့ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၊ ဩစတြေး လျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်၊ ဂျပန်ဝန်ကြီးချုပ် ဖုမိအောကိရှိဒနဲ့ အိနိ္ဒယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့လေးဦးဟာ ခုနစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲကို နေ့လယ် ပိုင်းအစီအစဉ်အပြီး ည စာစားချိန် မ ရောက်ခင် အားလပ်စဉ်မှာ ၄၇မိနစ်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ၁ရက်မတိုင်မီ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကြွေးမြီကိစ္စ ပြီးပြတ် အောင်ဆွေးနွေးရမှာဖြစ်တဲ့အတွက် နောက်အပတ်ထဲရောက်မှ ဩစတြေး လျနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ခဲ့တဲ့ လေးနိုင် ငံမဟာမိတ်ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
အိမ်ဖြူတော်မှာ အစီအစဉ်ပြောင်းပြီး ကျင်း ပမှာလိုလိုနဲ့ နောက်ဆုံးတော့ ခုနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲနဲ့ ပေါင်းပြီး ကျင်းပလိုက် ရတာဖြစ် တယ်လို့ အမေရိကန်ပြောခွင့်ရသူ က ရှင်းပြ တယ်။
မဟာမိတ်လေးနိုင်ငံအကြားက အင်ဒို-ပစိ ဖိတ်နယ်နိမိတ်ထဲမှာ အရည်အသွေးမြင့် ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေ ဘယ်လ်ကြိုးဆက်ကြောင်းတွေ ချိတ်ဆက် သွားဖို့ အဲဒီဆွေးနွေးပွဲမှာ သဘောတူညီ ခဲ့တယ်။
၂၀၂၄ခုနှစ် လေးနိုင်ငံ ကွက်ဒ်မဟာမိတ် ထိပ်သီးဆွေးနွေးပွဲကို အိနိ္ဒယနိုင်ငံမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
Ref: Aljazeera



