လောင်းမတ်ချ် ၂ဒီ ဒုံးပျံတစ်စင်းတည်းကို သုံးပြီး ဂြိုလ်တု အလုံးပေါင်း ၄၁လုံး လွှတ် တင်

တရုတ်နိုင်ငံက အာကာသစီမံခန့်ခွဲရေးအဖွဲ့ ရဲ့ကြီးကြပ်မှုနဲ့ ဇွန်၁၅ရက်မှာ လောင်းမတ် ခ် ၂ဒီအမျိုးအစား ဒုံးပျံတစ်စင်းတည်းကို သုံးပြီး ဂြိုလ်တုအလုံးပေါင်း ၄၁လုံးလွှတ် တင်ခဲ့ပါတယ်။

တရုတ်မြောက်ပိုင်း တိုင်ယွမ်ဂြိုလ်တုလွှတ် တင်ရေးဌာနကနေ ပေကျင်းစံတော်ချိန် နေ့ လယ် ၁နာရီ၃၀မိနစ်မှာ အဲဒီဂြိုလ်တုတွေကို လွှတ်တင်လိုက်တာဖြစ်ပါတယ်။

တရုတ်အာကာသစူးစမ်းလေ့လာရေးသမိုင်းမှာတော့ တစ်ကြိမ်တည်းနဲ့ ဂြိုလ်တုတွေအ များဆုံးလွှတ်တင်တဲ့စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ခုနှစ်ရဲ့ ၂၄ကြိမ်မြောက် ဒုံးပျံလွှတ် တင်မှုလည်းဖြစ်ပြီး လောင်းမတ်ချ် ဒုံးပျံ မျိုးဆက်ရဲ့၄၇၆ကြိမ်မြောက် လွှတ်တင် မှု လို့လည်းဆိုနိုင်ကြောင်း ဆင်ဟွာသတင်းဌာ နကဖော်ပြခဲ့ပါတယ်။

ဒီ ဂြိုလ်တုတွေကို တစ်ပြိုင်တည်း လွှတ် တင်ပေးခဲ့တဲ့ လောင်းမတ်ချ်၂ဒီဒုံးပျံဟာ ၄၀ဒသမ၆မီတာ မြင့်မားပြီး စုစုပေါင်း ၂၅၁ မက်ထရစ်တန်လေးတဲ့ ဂြိုလ်တုတွေကို ကမာပတ်လမ်းထဲအထိရောက်အောင်လွှတ်တင်ပေးခဲ့တာပါ။

ဂြိုလ်တုတွေဟာ အရပ်ဖက်ဆိုင်ရာ ဆက် သွယ်ရေးနဲ့သက်ဆိုင်တယ်လို့ တရုတ်နိုင်ငံ က အာကာသစီမံခန့်ခွဲရေးအဖွဲ့ပြောခွင့်ရသူက ရှင်းပြတယ်။

Ref;BBC

Leave a Reply

Your email address will not be published. Required fields are marked *