
တိုကျို၊ ဩဂုတ် ၂၄
ကမ္ဘာတစ်ဝှမ်း လောင်စာဆီဈေးတွေ မြင့်တက်နေချိန်မှာတော့ မျိုးဆက်သစ် ဓာတ်ပေါင်းဖိုတွေ တီထွင် ထုတ်လုပ်ဖို့ စဉ်းစားတော့မယ့်အကြောင်း ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ က ဩဂုတ်လ ၂၄ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ဆက်ပြီး ဝန်ကြီးချုပ်က ၂၀၂၂နှစ်ကုန်မှာ ခိုင်မာတဲ့ အစီအမံတွေ ချမှတ်ဖို့ တာဝန်ရှိသူတွေ ကို ညွှန်ကြားထားပြီး ဖြစ်တဲ့အကြောင်း သတင်းထောက်တွေနဲ့ တွေ့ဆုံ ပြောပြခဲ့တယ်လို့ သိရပါတယ်။
ဆူနာမီကြောင့် အပါအဝင် ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ဖူကူရီူမား ဒိုင်အိချိ ဓာတ်အားပေးစက်ရုံ ပြဿနာဖြစ်ခဲ့ရတဲ့ ၂၀၁၁ အချိန်က စလို့ နျူကလီးယားစွမ်းအင် အသုံးပြု့မှု ရပ်ဆိုင်းခဲ့တဲ့ ဂျပန်နိုင်ငံအနေနဲ့ အခုလို နျူကလီးယားစွမ်းအင်ဘက် ပြန်လှည့်လာတာဟာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုလို့ဆိုရမှာပါ။ ၁၉၈၆မှာ ဖြစ်ပွားခဲ့တဲ့ ယူကရိန်းမြောက်ပိုင်းက ချာနိုဘိုင်နျူကလီးယားစက်ရုံ ဓာတ်ငွေ့ယို့စိမ့်မှု ပြဿနာပြီးရင် ဖူကူရှိးမား ပြဿနာကလည်း အတော်ကို ရိုက်ခတ်ခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။
အဲဒိအချိန်ကစပြီး ဂျပန်ပြည်သူ အများစုဟာ နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်ပြီး သံသယဖြစ်ခဲ့ကြပြီး ဂျပန်အစိုးရကလည်း နိုင်ငံတစ်ဝှမ်းက နျူကလီးယားစက်ရုံတွေကို လုံခြုံရေးဆိုင်ရာ တင်းကျပ်တဲ့ အဆင့်မြှင့် တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။နိုင်ငံအတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက်ကတော့ သဘာဝ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေး ပမာဏကို ပိုမိုတင်သွင်းပြီး စွမ်းအင်ပြဿနာကို ဖြေရှင်းခဲ့ကြပါတယ်။
မကြာသေးမီက ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် လောင်စာဆီဈေးနှုန်း အတော်များများ မြင့်တက်ခဲ့ပြီး ဂျပန်အစိုးရကလည်း စွမ်းအင်ချွေတာရေး အစီအမံတွေ ထပ်မံထုတ်ပြန်ဖို့ စပြီး ခြေလှမ်း ပြင်ခဲ့ပါတယ်။
ဒိနောက်တော့ ဇွန်လနှောင်းပိုင်း အရောက်မှာ ဂျပန် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလက်မှု ဝန်ကြီးဌာနက ဒေသခံတွေကို လျှပ်စစ်ဓာတ်အား ထိန်းသိမ်းသုံးစွဲဖို့ တိုက်တွန်းခဲ့ပါတယ်။
၂၀၂၂ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့အထိ ဂျပန်နိုင်ငံမှာ လည်ပတ်နေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ခုနစ်ခုရှိတဲ့အနက် သုံးခုက ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေတာမို့ အော့ဖ်လိုင်းဖြစ်နေတဲ့အကြောင်း သဘာဝအရင်းအမြစ်နဲ့ စွမ်းအင်အေဂျင်စီက ထုတ်ပြန်ကြေငြာထားပါတယ်။

Ref: CNN