လောက်ကိုင် ဒကစကို လက်လွတ်လိုက်ပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာန ချုပ် (ဒကစ)ကို တရုတ်မြန်မာချစ်ကြည်ရေးနဲ့လောက်ကိုင်ရှိ တပ်မိသာစုဝင်များ လုံခြုံရေးကို ဦးစားပေးဆုံး ဖြတ်ပြီး လက် လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဇန်နဝါရီလ ၆ရက်နေ့က နစကရဲ့ ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြောကြားခဲ့ပါတယ်။

MNDAAဆီကို လက်နက်ချအညံ့ခံတံ့ထဲမှာ ဗိုလ်မှူးချုပ်အဆင့်(၆) ဦးပါဝင်ပြီး တပ်သား(၂၁၀၀)ကျော်နဲ့တပ်မိ သားစုဝင်(၁၆၀၀)ကျော်ပါရှိတယ်လို့ ကိုးကန့်သတင်းမီဒီယာဖြစ်တဲ့ The Kokangမှာဖော်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှာ စစ်တပ်နဲ့MNDAAတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့တာဟာ နှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်ကျဆုံးမှုများစွာလည်း ရှိခဲ့တဲ့အပြင် ကိုးကန့်ဒေသရဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ကွမ်းလုံနဲ့ကုန်းကြမ်းမြို့တို့ကို နစကအနေနဲ့ လက်လွှတ်ခဲ့ရပြီး အခုခါမှာ လောက်ကိုင်အခြေစိုက် (ဒကစ)ကိုပါ လက်လွှတ်ခဲ့ရတာကြောင့် MNDAAက ကိုးကန့်ဒေသတစ်ခုလုံးကို ထိန်းချုပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့(MNDAA, TNLA, AA)တို့ရဲ့ (၁၀.၂၇)စစ်ဆင်ရေး Operation ကြီးလုပ်ဆောင်လာခဲ့တာ (၇၁)ရက်မြောက်နေ့ဖြစ်ပြီး စစ်ကောင်စီရဲ့ကိုးကန့်နန်ထင်မိန်တောင် စခန်းကုန်းမှာ အခြေချတဲ့တပ်ဖွဲ့ဟာလည်း တပြိုင်နက်လက်နက်ချအညံ့ခံလာတဲ့အတွက် ကိုးကန့်ဒေသ တစ်ခုလုံးကိုပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီလို့ MNDAAက ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး တရုတ်နိုင်ငံ သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ တရုတ်က နစကကို ဖိအားပေးခဲ့တယ်လို့လည်း သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *