လောက်ကိုင်မှာရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို လောက်ကိုင်ကနေ အမြန်ဆုံးထွက်ခွာဖို့ တရုတ်သံရုံးက အသိပေးထား

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာရောက်နေတဲ့ တရုတ်နိုင်ငံ သားတွေကို လောက်ကိုင်ကနေ အမြန်ဆုံးထွက်ခွာဖို့ မြန်မာနိုင်ငံဆိုင် ရာတရုတ်သံရုံးက ဒီဇင်ဘာ၂၈ရက်မှာ တရုတ်လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ (WeChat)ကနေ အသိပေးကြေ ညာခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့နီးစပ်တဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း လောက်ကိုင်နဲ့ချင်းရွှေဟော်မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ဒီဇင်ဘာ၂၈ရက်နောက်ဆုံးထားပြီး လောက်ကိုင်နဲ့ချင်းရွှေဟော်ကနေ ထွက်ခွာကြဖို့ အသိ ပေးကြေညာထားတာကိုလည်း တွေ့ မိပါတယ်။

“ကျမအမျိုးသားနဲ့အသ်ိမိတ်ဆွေတွေ လောက်ကိုင်မြို့ထဲရှိနေသေးတယ်ထွက်လာနိုင့်ပါ့မလားမသိဘူး စိတ်ပူနေတာ ဒီနေ့မနက်ကတည်းကအဆက်သွယ်ပြတ်သွားပြီ သည်ညအပီးထွက်ခိုင်းတော့အလုပ်သမားတွေကပြန်လာဖို့စားရိတ်မရှိကြဘူးလို့ကြားတယ်”လို့လောက်ကိုင်မြို့ထဲပိတ်မိနေသူ​တွေရဲ့မိသားစုဝင်တဦးက ပြောပါတယ်။

ဒီတစ်ပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်မှာမြို့တွင်းအထိပါ တိုက်ပွဲများဖြစ်ပွားနေပြီး မြန်မာစစ်တပ်က လောက်ကိုင်မြို့ မကျဆုံးစေရေးအတွက် အင်းအားတိုးချဲ့နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

လောက်ကိုင်မြို့မှာပိတ်မိနေသူတွေကို သွားရောက်ခေါ်ဆောင်ဖို့မူဆယ်မြို့က ပရဟိတအသင်းအချို့ စီစဥ်နေတယ်လို့သိရပါတယ်။

ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့၃ဖွဲ့နဲ့စစ်တပ်အ ကြား ဖြစ်ပွားခဲ့ တိုက်ပွဲများကြောင့် လောက်ကိုင်၊ချင်းရွှေဟော်၊ ကွမ်းလုံ၊သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊နောင်ချို၊ နမ္မတူမြို့နယ်တွေကနေ နေရပ်ကိုစွန့်ခွာခဲ့ကြတဲ့ စစ်ဘေးရှောင်ပြည်သူအရေအတွက်ဟာ တစ်သိန်းခန့်ရှိနေပြီလို့လည်း သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *