လောက်ကိုင်မြို့အနီး တရုတ်-မြန်မာနယ်စပ်ခြံစည်းရိုးနားမှာရှိတဲ့ စစ်ဘေးရှောင်တွေကို တရုတ် မျက်ရည်ဗုံးသုံးပြီး နှင်ထုတ်ခဲ့

လောက်ကိုင်မြို့အနီး တရုတ်-မြန်မာနယ်စပ်ခြံစည်းရိုး (၁၂၇)နားမှာ စစ်ဘေးအန္တရာယ်လုံခြုံတယ်လို့ ယူပြီး နေ ထိုင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို နိုဝင်ဘာ လ၂၅ ရက်နေ့က တရုတ်နိုင်ငံဘက်ကနေ မျက်ရည်ဗုံးသုံးပြီး နှင်ထုတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“တချို့က စစ်ဘေးရှောင်ဖို့ ခြံစည်းရိုးကို ကျော်ပြီး တရုတ်ဘက်ရောက်သွားပြီး လွတ်သွားတဲ့သူလည်းရှိတယ်။တရုတ်ဘက်ရောက်သွားလို့ တရုတ်ရဲက ဖမ်းခံလိုက်ရတဲ့သူလည်းရှိတယ်။အခုတရုတ်ဘက်ကနေ ခြံစည်းရိုးနားမှာနေတဲ့သူတွေ သူတို့ဘက်ကို ကျော်မှာစိုးလို့နဲ့တူတယ်။ခြံစည်းရိုးနားမှာ မျက်ရည်ယိုဗုံးတေ့ ဖောက်ပြား နှင်ထုတ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လောက်ကိုင်မြို့အထွက် တုံချိန်အနီး စစ်တပ်ရဲ့စခန်းတစ်ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က သိမ်းပိုက်လိုက်တဲ့အတွက် စစ်တပ်က လေကြောင်းပစ်ကူရယူပြီး တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *