လောက်ကိုင်မြို့ထွက်အနီးမှာ ခရီးသည်တင်ကားတစ်စီးလက်နက်ကြီးကျည်ထိမှန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊လောက်ကိုင်မြို့အနီး၊ တုံချိန်အထွက်နားမှာ နိုဝင် ဘာလ၂၂ရက်မနက်ပိုင်း၉နာရီခွဲလောက်က ခရီး သည်တင်ကားတစ်စီးဟာ လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့အတွက် ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် ၁၀ဦးထက်မနည်း သေ ဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီက သိရပါတယ်။

ခရီးသည်တင်ကား လက်နက်ကြီးကျည်ထိမှန်မှုနဲ့ပတ် သက်ပြီး ဘယ်အဖွဲ့က ပစ်ခတ်ခဲ့လဲဆိုတာ မသိရသေးဘဲ ကားကို ထိမှန်ခဲ့တဲ့လက်နက်ကြီးကျည်မှာ ရှော့တိုက်ဒုံးလို့ ယူဆရတယ်လို့ ဒေသခံများဆီက သိရပါတယ်။

“လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ကားက တိုက်ပွဲတွေကြောင့် နေရပ်ပြန်မယ့်သူတွေ စီးလာတဲ့ကားပါ။ကံဆိုးချင်တော့ နေ ရပ်ကို ပြန်မရောက်တောဘဲ တိုက်ပွဲတွေကြောင့် အပြစ်မရှိဘဲသေဆုံးကုန်ကြရပါပြီ”လို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *