ဘော့စတွန်၊ ဇန်နဝါရီ၁၉
ဆယ်ကျော်သက်ခရီးသည်တစ်ယောက်ကို လေယာဉ်အိမ်သာခန်းထဲမှာ ဓါတ်ပုံခိုးရိုက်ဖို့ ကြိုးစားခဲ့တယ်လို့ သံသယရှိတဲ့ အမေရိကန်လေကြောင်းလိုင်းက လေယာဉ်မောင်တစ်ဦး ဖမ်းဆီးခံလိုက်ပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလမှာ သူအလုပ်လုပ်နေတဲ့ လေယာဉ်ပေါ်က အိမ်သာထဲ သူ့တယ်လီဖုန်းကို သုံးပြီး ၁၄နှစ်အရွယ် ဆယ်ကျော်သက်ခရီးသည် မိန်းကလေး ရေအိမ်သုံးနေတုန်း ဓါတ်ပုံခိုးရိုက်ပြီး မှတ်တမ်းယူဖို့ ကြိုးစား ခဲ့ တာကို စစ်ဆေး တွေ့ရှိခဲ့တာမို အဲ့ဒီလေယဉ်အမှုထမ်းကို ရဲတပ်ဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၈)ရက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ပစ်မှု ကျူးလွန်သူဟာ မြောက်ကာရိုလိုင်းနားပြည်နယ် မှာနေထိုင်တဲ့ အသက် ၃၇နှစ်အရွယ် အက်စတေ့စ် ကာတာ သွန်မ ဆင် ဖြစ်ပြီး အရင်ကလည်း သူအလုပ် လုပ်ခဲ့ဖူးတဲ့ လေယာဉ်ပေါ်က သန့်စင်ခန်းထဲမှာ တခြားအမျိုးသမီး ခရီး သည် လေးယောက်ကို မှတ်တမ်းတင်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။
လက်ရှိမှာတော့ သွန်မဆင့်ကို ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးပမ်းမှုနဲ့ အရွယ်မရောက်သေးသူကလေး တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
Ref: AP/fh
ပုံစာ။ ကဒ်ထူပြားနောက်မှာ iphone ကို ဖွက်ထားပြီး မှတ်တမ်းတင်ခဲ့တဲ့ သက်သေအထောက်အထားကို တွေ့ရပုံ
Feature Image Credit: AP



