လေယာဉ်လက်မှတ်တွေကို ထောက်ခံစာနဲ့မှ ဝယ်လို့ရတော့မယ်လို့ဆို

၁၂ ဖေဖော်ဝါရီ ၂၀၂၄

လေဆိပ်တွေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊စစ်တွေ၊သံတွဲ အပါအဝင် မြိတ်၊ကော့သောင်း၊ထားဝယ် စတဲ့ လေကြောင်းခရီးစဉ်တွေအတွက် လက်မှတ်ဝယ်လိုရင် ထောက်ခံစားပါမှပဲ ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ညွှန်ကြားစာတွေအရတော့ ကျောက်ဖြူလေဆိပ်နဲ့ ပတ်သတ်ပြီး ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးတဲ့ စီးနင်းခွင့်လက်မှတ်ပါရှိမှပဲ လေယာဉ်လက်မှတ် ဝယ်ယူလို့ရတော့မှာဖြစ်သလို၊ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကျောင်းတက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုပဲ သွားရောက်ခွင့်ပြုတော့မှာဖြစ်ပြီး တခြားသူတွေကို သွားရောက်ခွင့် မပြုတော့ဘူးလို့လည်း သိရပါတယ်။

တနင်္သာရီဘက်မှာတော့ လေယာဉ်လက်မှတ်ဝယ်ယူတာ၊ လေယာဉ်စီးတာတွေကို မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါရှိမှပဲ ရတော့မှာဖြစ်ပါတယ်။

လေကြောင်းခရီးစဉ်လက်မှတ်ရောင်းသူတစ်ဦးဆိုတာက “ခုထိတော့ ညွှန်ကြားချက်က အောက်ကိုမရသေးဘူး။ဒီနေ့က ရုံးပိတ်ရက်မို့လားမသိဘူး”

ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအဝင် အခြားလေဆိပ်တွေကို အပေါ်ကလို ညွှန်ကြားချက်က ပေးလာနိုင်မလားဆိုတာ သေသေချာချာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

သို့ပေမယ့်လို့ ဒါက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ သက်ဆိုင်ခြင်းရှိ၊မရှိ အများပြည်သူက မေးခွန်းထုတ်နေတာတွေလည်း ရှိနေကြပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *