လေဖြတ်နေသူများနဲ့အမြင်အာရုံချို့တဲ့နေသူများအတွက် သတင်းကောင်း

အကြောင်းအမျိုးမျိုးကြောင့် လေဖြတ် နေသူတွေခြေလက်အဂ်ါတွေပြန်လှုပ်ရှားလာစေနိုင်မယ့်အမြင်အာရုံချို့တဲ့နေသူတွေ ပြန်မြင်လာစေမယ့် ချစ်ပ်လေး ယနေ့ ပေါ်ထွက်လို့လာပါပြီ။

အမေရိကန်သန်းကြွယ်သူဌေးအီလွန်မတ်စ်၂၀၁၆ခုနှစ်မှာ သိပ္ပံပညာရှင်နဲ့ အင်ဂျင် နီယာ ဒင်ဂမော် ခုနစ်ဦးတည်းနဲ့ စတင် တည်ထောင်ခဲ့တဲ့ နျူရာလင့်ခ်ကုမ္ပဏီက ထုတ်လုပ်တာလို့ဆိုပါတယ်။

လူထူးလူဆန်း အီလွန်မတ်စ်ဟာ အဲဒီ ကုမ္ပဏီကနေ ဦးနှောက်ချစ်ပ်တွေ ထုတ်လုပ်ဖို့သုံးနှစ်ကျော်လောက်အချိန်ယူကြိုးစားခဲ့ပြီးတော့ ၂၀၂၀ပြည်နှစ်မှာ ဓာတ်ခွဲခန်းသုံးမျောက်ခုနစ်ကောင်နဲ့ ချစ်ပ် ကို လက်တွေ့စမ်းသပ်ပြီးနေပြီလို့ အစိရင်ခံ တယ်။

အမေရိကန်အက်ဖ်ဒီအေရဲ့ ခွင့်ပြုချက်ရ ယူပြီး ၂၀၂၂ ခုနှစ်လောက်မှာ အဲဒီဦး နှောက်ချစ်ပ်တွေကို လူ့ဦးနှောက်ထဲ လက်တွေ့ထည့်ပြပြီး အောင်မြင်ပြီဆိုတာနဲ့ ဖြန့်ဖြူးရောင်းချနိုင်လိမ့်မယ်လို့ အီလွန် မတ်စ် မျှော်မှန်းခဲ့တယ်။ ဒါပေမယ့် မျောက်ခုနှစ်ကောင်နဲ့စမ်းသပ်ခဲ့တာ တိရစ္ဆာန်အခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ စွပ်စွဲခံရတဲ့အတွက် သူမျှော်မှန်း သလိုဖြစ်မလာဘဲလွဲချော်ခဲ့ရတယ်။ နယ်သာလန် ၊ ဗြိတိန်နိုင်ငံတွေမှာ အမျိုး အစားတူ ချစ်ပ်ရဲ့အစွမ်းကြောင့် လေဖြတ် တဲ့လူတွေလမ်းထလျှောက်နိုင်တာ လက် တွေ့ပြနိုင်ပြီးတဲ့နောက် အမေရိကန်အက်ဖ်ဒီ အေက နျူရာလင့်ခ်က ထုတ်လုပ်တဲ့ ချစ်ပ် ကို လူနဲ့စမ်းသပ်ဖို့ ဘေးကင်းလုံခြုံတယ်လို့ မေ၂၅မှာ ထောက်ခံချက်ပေးလိုက်ပြီ ဖြစ်တယ်။

Ref: Aljazeera, CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *