လေဒီဂါဂါနဲ့ ဂျိတ် ဂျီလန်ဟောလ် စုံတွဲဓါတ်ပုံ ကာဗာတင်ထားတဲ့ Veriety Megazine လူကြိုက်များနေ

အဆိုတော် လေဒီဂါဂါနဲ့ ဟောလိဝုဒ်မင်းသား ဂျိတ် ဂျီလန်ဟောလ်တို့ စုံတွဲဓါတ်ပုံကို ကာဗာတင်ထားတဲ့ ကမ္ဘာကျော် The Verity Megazineက ၂၀၂၂ နှစ်ဦးရဲ့ လူပြောသူပြောအများဆုံး ဖြစ်နေပါတယ်။ သူတို့နှစ်ဦး ရိုက်ကူးခဲ့တဲ့ အကြောင်းအရာက “ Actors On Actors” ဆိုတဲ့ မျက်နှာဖုံးခေါင်းစဉ်အတွက်ပါ။

တကယ်တော့ လေဒီဂါဂါက အရင်က ရုပ်ရှင်မင်းသမီး ဖြစ်ချင်ခဲ့တာလို့ ဂျိတ်က ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် အခုတော့ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ပေါ့။ ဒီလိုအခြေနေရောက်ပြန်တော့လည်း သူ ့ရဲ့ မင်းသမီးဖြစ်ချင်တဲ့ အာသီသက ပြေမသွားသေးတာသေချာပါတယ်။ ဒါကြောင့်ပဲ ၂၀၁၈မှာ အရမ်းပေါက်ခဲ့တဲ့ “ A Star Is Born” လို ဇာတ်ကာမျိုးမှာ လေဒီဂါဂါတစ်ယောက် အကောင်းဆုံးအစွမ်းပြ သရုပ်ဆောင်သွားခဲ့တာ ပရိသတ်တွေ မမေ့ကြသေးဘူးလို့ ဆိုရမှာပါ။ ဒါတင်သာမက သူရဲ့သရုပ်ဆောင်အစွမ်းကို အကောင်းဆုံးထုတ်ပြထားတာကတော့ “House of Gucci” ဇာတ်ကားထဲက သည်းထိတ်ရင်ဖို ဇာတ်ရုပ်ပဲဖြစ်ပါတယ်။

ဂျိတ် ဂျီလန်ဟော ဆိုတာကလည်း ခေသူတော့မဟုတ် ဆွီဒင်ဖွား အမေရိကန် မင်းသာာတစ်လက်ပါ။သူ ့ကို ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ စတီဖန်ဟောလ် နဲ့ မိခင်ဖြစ်သူ ဇာတ်ညွှန်းရေးဆရာမ နာအိုမီ ဖွန်နာ တိုက ၁၉၈၀ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့အထက်က အမကြီးဖြစ်တဲ့ မက်ဂီ ဂျီလန်ဟောလ်ကလည်း  မင်းသမီးအဖြစ်နဲ့ရော ရုပ်ရှင်ထုတ်လုပ်သူ အဖြစ်နဲ့ပါ အောင်မြင်နေသူတစ်ယောက်ဖြစ်ပါတယ်။

အခုလောက်ဆိုတော့ “Actors On Actors”  မျက်နှာဖုံး အောင်မြင်ရတဲ့ အကြောင်းအရာနဲ့ နောက်ခံ အချင်းအရာတွေကို အတန်အသင့်တော့ သိသွားလောက်ပါပြီ။ ဒီနေရာမှာ ထည့်သွင်းဖော်ပြပေးစရာက “The Veriety”  ဆိုတာကလည်း ၁၉၃၃ခုနှစ်ကနေ ဒီနေ့ထိ ရှင်သန်နေတဲ့ နှစ်ရာကျော် သက်တမ်းရင့် မဂ္ဂဇင်းကြီးဆိုပြန်တော့ ဒီလို အောင်မြင်ရတာလည်း သိပ်တော့ ပြောစရာ မရှိလောက်ဘူးလို့ဘဲ့ ပြောရတော့မှာဖြစ်ပါတယ်။

Ref: Hollywood Life

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *