
Photo Credit: AFP
အစ္စလာမာဘတ်(ပါကစ္စတန်)၊ ဖေဖေါ်ဝါရီ ၃
ပါကစ္စတန်နိုင်ငံ ပတ်ရှဝါ ရဲတပ်ဖွဲ့ဝင်းထဲက ဗလီတစ်ခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က အသေခံဗုံးခွဲခဲ့တဲ့သူဟာ ရဲပုံစံ အသွင်ယူထားတဲ ပါကစ္စတန် တာလီဘန်အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ အကြီးတန်းအရာရှိတစ်ဦးက ဖေဖေါ်ဝါရီ ၂ ရက် ကြာသပတေးနေ့မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
စီစီတီဗွီ မှတ်တမ်းတွေအရရဲယူနီဖောင်း ဝတ်ထားတဲ့ ဖောက်ခွဲရေးသမားဟာ စကူတာတစ်စီးနဲ့ ရဲစစ်ဆေးရေး ဂိတ်ကို ရောက်လာပြီး ဗလီဆီကို သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒိလူက ဖောက်ခွဲရေးသမားတစ်ဦးဖြစ်တယ်လို့ ပါကစ္စတန် ခိုင်ဘာ ပတ်ခ်တွန်ကွာပြည်နယ် ရဲမှူး မိုအာဇမ် ဂျာ အန်ဆာရီက ပြောပါတယ်
“ဒီလူက အသေခံဗုံးခွဲသမားပါ၊ သူ့ရဲ့လှုပ်ရှားမှုကို ကျွန်တော်တို့ ခြေရာခံခဲ့ပါတယ်။ သူက ရဲယူနီဖောင်း ၀တ်ထား ပါတယ်” လို့ အန်ဆာရီက ပြေဆိုလိုက်ပါတယ်။
အာဏာပိုင်တွေရဲ့ ပြေဆိုချက်အရက အရင်ထုတ်ပြန်ခဲ့တာမှာ သေဆုံးသူဦးရေ ၁၀၀ ကျော်ရှိခဲ့ပေမယ့် အချို့အလောင်းတွေကို နှစ်ကြိမ်ပြန်ရေတွက်မိခဲ့တယ်၊ အမှန်က အယောက်၈၀ကျော်လို့ အန်ဆာရီက ပြောဆိုပါတယ်။ ဒဏ်ရာရသွားတဲ့သူကတော့ ၂၁၇ ယောက်လို့ လည်းသိရပါတယ်။
ဖောက်ခွဲရေးသမားက ၁၂ ကီလိုဂရမ် (၂၆.၅ ပေါင်) ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုခဲ့တယ်လို့ ရဲတွေက ယုံကြည်နေပါတယ်။
ဗီဒီယိုမှတ်တမ်းမှာတော့ ဗလီရဲ့ နံရံတွေ၊ မှန်ပြတင်းပေါက်တွေဟာ ပြင်းထန်တဲ့ပေါက်ကွဲရှိန်ကြောင့် ပျက်စီး သွား တာကို တွေ့မြင်ရပါတယ်။
အရေးပေါ် လုပ်သားတွေက အသက်ရှင် ကျန်ရစ်လေမလားဆိုပြီး အပျက်အစီးတွေအောက် အထိ ရှာဖွေ ကယ်ဆယ်ခဲ့ပေမယ့် တွေ့ခဲ့တဲ့ အများစုကတော့ အသက်မဲ့နေကြပြီ လို့ သိရပါတယ်။
အာဖဂန်နစ္စတန်နဲ့ ခိုင်ဘာ ပတ်ခ်တွန်ကွာ ပြည်နယ်ရဲ့ မြို့တော် ပတ်ရှဝါ ဟာ နယ်နမိတ်ချင်းထိစပ်နေပြီး တဲရဲကီး တာလီဘန် (TTP) လို့ခေါ်တဲ့ ပါကစ္စတန် တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကို မကြာခဏ ခံနေကြရတာလည်း ဖြစ်ပါတယ်။
လူနေမှုစရိတ် မြင့်မားနေပြီး အကျပ်အတည်းနဲ့ အတူ ရုန်းကန်နေရတဲ့ ပါကစ္စတန်အတွက် အခုလို ခက်ခဲတဲ့ ကာလတစ်ခုမှာ တိုက်ခိုက်မှုတွေ မကြာမကြာ ကြုံရ သလို အရင်နှစ်က ရေလွှမ်းမိုးခဲ့တာတွေ ကြောင့် စီးပွားရေးကလည်း ပိုပိုပြီး ယိုယွင်းလာနေတယ်လို့ သိရပါတယ်။
Ref: CNN

Photo Credit: AFP