လူအသေအပျောက်များခဲ့တဲ့ တောင်ကိုရီးယား က ဟောလိုးဝင်းလူပြိုမှုမှာ တာဝန်ရှိတဲ့ ဒေသဆိုင်ရာ ရဲချုပ်ကို ထောင် ဒဏ် ၃ နှစ် ချမှတ်

ဆိုးလ်၊ စက်တင်ဘာ ၃၀

လူပေါင်း  ၁၅၀ ကျော် သေဆုံးခဲ့ရတဲ့ ၂၀၂၂ခုနှစ်က ဟောလိုးဝင်းပွဲတော် လူပြိုမှုမှာ တာဝန်ရှိသူတွေထဲက တစ်ယောက်ဖြစ်တဲ့ဒေသဆိုင်ရာ ရဲချုပ်တစ်ယောက်ကို တောင်ကိုရီးယား တရားရုံးတစ်ရုံးက တနင်္လာနေ့ (စက်တင်ဘာ ၃၀) မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တဲ့အကြောင်း Yonhap သတင်းဌာနက ဖော်ပြပါတယ်။

လူကြိုက်များလှတဲ့  အီတေးဝမ်ခရိုင်က ဟောလိုးဝင်းပွဲတော်အခမ်းအနားကို လာတဲ့ အသက် ၂၀နဲ့ ၃၀ကြားအရွယ် လူငယ်လူရွယ်တွေထောင်ပေါင်းများစွာက အစည်ကားဆုံး ညအချိန်အရောက် လမ်းကွေ့တွေထဲမှာ ကျပ်ညှပ်ပြီး ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ နောက်ဆုံးပြိုကျကုန်ပြီးအသက်ရှုကျပ်တဲ့သူ၊ အနင်းခံရတဲ့သူ အားလုံး ၁၅၀ကျော် အသက်ဆုံးရှုံးခဲကြရတာ ဖြစ်ပါတယ်။

ယုံဆမ်ခရိုင်ရဲချုပ်ဟောင်း လီအင်ဂျေးဟာ အခုအဖြစ်အပျက်ကို မတားဆီးနိုင်တာရယ်၊ အခြေနေကို ကြိုတင် တွက်ဆပြင်ဆင်တာမျိုး မလုပ်ခဲ့တဲ့အတွက်  အပြစ်ရှိကြောင်း တွေ့ခဲ့ရပြီး ဘေးအန္တရာယ်တစ်ခုခုအတွက် တိုက်ရိုက်တာဝန်ယူမှုနဲ့ အပြစ်ပေးခံရတဲ့  ပထမဆုံး ရဲအရာရှိလည်း ဖြစ်ခဲ့ပါတယ်။

ယုံဆမ် ရဲအရေးပေါ်ဌာနက  တာဝန်ခံ နောက်ထပ်အရာရှိဟောင်းတစ်ကိုလည်း အလားတူစွဲချက် စက်တင်ဘာ ၃၀ရက်တနင်္လာနေ့မှာပဲ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Ref: AFP

ပုံစာ။ သေဆုံးသွားတဲ့ လူငယ်တွေရဲ့ ဓါတ်ပုံတွေကို တွေ့ရပုံ

Feature Image credit: NBC News

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *