လူသုံးဦးလိုက်ပါလာတဲ့ ရှင်ကျိုး၁၅အာကာသယာဉ်အတွင်းမွန်ဂိုလီးယားဒေသအတွင်း ဆင်းသက်

တရုတ်အာကာသစီမံခန့်ခွဲရေးအဖွဲ့ကစီစဉ်လွှတ်တင်ခဲ့တဲ့ ရှင်ကျိုး၁၅အာကာသယာဉ်ဟာ တီယန်ကောင်းတရုတ်ကိုယ်ပိုင်အာကာသစခန်းက လူ၃ဦးကို တင်ပြီး ပြန်လာခဲ့တာ ဇွန်၄ရက် ဒေသစံတော်ချိန် နံနက် ၆နာရီ၃၃မိနစ်မှာ တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားဒေသ ဒေါင်ဖန်း ကွင်းပြင်ထဲကို ဘေးကင်းလုံခြုံစွာ ဆင်းသက်လာနိုင်ခဲ့တယ်။

ကမ္ဘာမြေကနေ အာကာသစခန်းကိုသွားတဲ့ လူသုံးဦးကိုပို့ထားခဲ့ပြီး တာဝန်ပြီးဆုံးလို့ပြန်မယ့် လူသုံးဦးကိုခေါ်ဆောင်လာခဲ့တာဖြစ်တယ်။ အမိမြေပြန်ရောက်လာကြသူသုံးဦးစလုံး ဘေးကင်းပြီး ကျန်းကျန်းမာမာရှိကြတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြတယ်။

ဖေးကျွမ်လောင်း၊ တိန်ချင်းမင်နဲ့ ကျန်းလူတို့ သုံးဦးပြန်ရောက်လာကြတာပါ။ သူတို့ထဲမှာ တိန်ချင်းမင်ကအသက်အသက်အကြီးဆုံး ၊အာကာသယာဉ်မှူးမဖြစ်ခင် ၂၅နှစ်ကြာအောင် လေ့ကျင့်ခဲ့ရတာလို့သူကိုယ်တိုင်ပြောကြားတယ်။

ဒီရှင်ကျိုး၁၅ အာကာသယာဉ်မှာ လိုက်ပါပြီးအမိမြေပြန်ရောက်လာတဲ့လူသုံးဦးဟာ အသက်အကြီးဆုံးတရုတ်အာကာသယာဉ်မှူးတွေဖြစ်တယ်။ကျန်းလူကတော့ မလျှော့သေးဘူး။ အနားယူပြီးရင်နောက်တစ်ကြိမ် အာကာသကို ခရီးနှင်ဖို့ အားမွေးမယ်လို့ပြောတယ်။

Ref: Xinhuanews

Leave a Reply

Your email address will not be published. Required fields are marked *