ကာဂိုရှိးမား၊ နိုဝင်ဘာ ၂၉
လူရှစ်ယောက် လိုက်ပါလာတဲ့ အမေရိကန်စစ်တပ် Osprey လေယာဉ်တစ်စင်း နိုဝင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီ ၄၇ မိနစ် ဝန်းကျင်လောက်က ဂျပန်နိုင်ငံတောင်ပိုင်း ကာဂိုရှီးမားစီရင်စုက ယာကျှူရှိးမားကျွန်းကမ်းလွန်မှာ ပျက် ကျ ခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
ဂျပန်ကမ်းရိုးတန်းစောင့်တပ်က ပျက်ကျတဲ့ဒေသကို ကင်းလှည့်သင်္ဘောတစ်စင်းနဲ့ လေယာဉ် ၁၀ စီး စေလွှတ်ထား တယ် လို့ လည်း အဲ့ဒိ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရ မရ အတိအကျ မသိရသေးဘူးလို့လည်း သူက ပြော ပါ တယ်။
ဒါဟာ Osprey စစ်လေယာဉ်နဲ့ပတ်သက်တဲ့ နောက်ဆုံးသေစေလောက်တဲ့ ပျက်ကျမှုဖြစ်ပြီး ဒီဘက်နှစ်တွေ ထဲမှာလည်း မတော်တဆမှုတွေ အတော်များများ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အခုနှစ် ၂၀၂၃ သြဂုတ်လ တုန်းကလည်း သြစတြေးလျမှာ စစ်ရေးလေ့ကျင့်နေတုန်း Osprey ပျက်ကျခဲ့လို့ အမေရိကန် မရိန်းတပ်သား သုံးယောက်သေဆုံးပြီး အခြား တပ်သားတွေလည်းဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။
အလားတူ ၂၀၂၂ခုနှစ်မှာလည်း အမေရိကန် မရိန်းတပ်သားငါးယောက်လိုက်ပါလာတဲ့ သူတို့ရဲ့ MV-22B Osprey လေ ယာဉ် ကယ်လီဖိုးနီးယား၊ Glamis အနီးအနားမှာ လေ့ကျင့်ရေးမစ်ရှင်တစ်ခု လုပ်နေတုန်း ပျက်ကျခဲ့လို့ အားလုံးအသက် ဆုံးရှုံးခဲ့ကြရပါတယ်။
နောက် ဖြစ်ရပ်တစ်ခုက ၂၀၂၂ခုနှစ်ထဲမှာပဲ နော်ဝေမှာ နေတိုးအဖွဲ့ရဲ့ လေ့ကျင့်ခန်းမှာ Osprey ပျက်ကျတာကြောင့်ပဲ အမေရိကန်စစ်သည်လေးယောက် သေဆုံးခဲ့ပါတယ်။
Osprey ဟာ ရဟတ်ယာဉ်တွေလို ဒေါင်လိုက် ပျံတက်နိုင်ပြီး အတောင်ပံပါတဲ့ သာမန် တာဘိုပရော့လေယာဉ် မြန်နှုန်းမြင့် ပျံသန်းမှုကိုပါ လုပ်ဆောင်နိုင်သလို အလွန်ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ လေယာဉ်မျိုးလည်း ဖြစ်ပါတယ်။
စစ်ဘက်ဆိုင်ရာ လေ့လာသုံးသပ်သူနဲ့ အငြိမ်းစား အမေရိကန် လေတပ်ဗိုလ်မှုး ဆီးဒရင် လိုက်တန်ကတော့ ယေဘုယျ အား ဖြင့် Osprey တွေဟာ ပျံသန်းဖို့ ဘေးကင်းပေမယ့် ၁၉၈၀ ခုနှစ်ကာလ စတင်တည်ဆောက်ချိန်မှာ ကတည်းက စက် ပိုင်း ဆိုင်ရာနဲ့ လည်ပတ်မှုဆိုင်ရာ ပြဿနာတွေ ရှိခဲ့တဲ့ အကြောင်း CNN ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ အမေရိကန် စစ်တပ်သုံး Osprey လေယာဥ် တစ်စီးကို တွေ့ရပုံ
Feature Image Credit: Kyodo News/Getty Images/File



