လူမိုက်ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့တဲ့ ကြည်မြင့်တိုင်လူမိုက်အဖွဲ့ ကို ရဲက ဖမ်းဆီး

◼️ခေါင်းဆောင် ငမျိုးပါ ဖမ်းခံထားရ

၇ မတ်၊၂၀၂၄

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက် ညက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်းမှာ အုပ်စုဖွဲ့သတ်ဖြတ်လိုက်ကြတဲ့ လူမိုက်ကျော်ဝင်းစိန်ဖြစ်စဥ်က တရားခံတွေကို ရဲက မနေ့က ဖမ်းလိုက်ပါတယ်။

စစ်ကိုင်းရဲ ၄၀ခန့်က လက်နက်တွေကိုင်ဆောင်ပြီး လူမိုက်ငမျိုးတို့ အုပ်စုရှိရာကို သွားပြီး ဖမ်းလိုက်တာဖြစ်ပါတယ်။

သတင်းတွေအရတော့ မနေ့မတ်လ ၆ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်မှာ ရဲမျိုးသိန်း (ခ) ငမျိုး ဦးဆောင်တဲ့ အဖွဲ့ကို စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီဘုရားအနီး ပုဗ္ဗာရုံကျောင်းအတွင်းမှာ ဖမ်းလိုက်တာဖြစ်ပြီး လူမိုက်အဖွဲ့ဟာ ဘုရားတည်ဖို့လာကြတာလို့ သိရပါတယ်။

ရန်ကုန်လူမိုက်ကျော်ဝင်းစိန် သတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်ပြီး ရဲက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာထွေအမှတ် ၁၀၀/၂၀၁၁၊ အလုံမြို့နယ်ရဲစခန်း (ပ)၅၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ တွေနဲ့ အမှုဖွင့် ထားတာပါ။

တရားခံတွေဟာ အသာတကြည်အဖမ်းမခံဘဲ ထွက်ပြေးဖို့ကြိုးစားခဲ့ကြသေးတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရဲမျိုးသိန်း (ခ) ငမျိုး၊ အောင်ကျော်ကြား (ခ) ကျော်ကြီး၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊ အောင်မြတ်မင်း (ခ) အောင်ကြီး၊ ဥက္ကာ၊ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကျော်ဆန်းလင်း (ခ) သံမဏိ၊ မျိုးမင်းနိုင် (ခ) အရှည်ကြီးနဲ့ ဇော်မင်းဦး (ခ) တွတ်ပီတို့ (၉) ဦးကို ဖမ်းဆီးထားပြီး ရန်ကုန်ရဲကို လွှဲမယ်လို့ စစ်ကိုင်းရဲက ထုတ်ပြန်ထားပါတယ်။

Visited 171 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *