လူပေါင်း ၂၇၅ ဦး သေဆုံးခဲ့ရတဲ့ အိန္ဒိယကရထားတိုက်မှုအတွက် တာဝန်ရှိသူ မီးရထားအရာရှိ သုံးဦးကို ဖမ်းဆီး

အော့ဒိရှ၊ ဇူလိုင် ၈

နိုင်ငံရဲ့သမိုင်းမှာ လူအသေအပျောက်အများဆုံးရထားတိုက်မှုကို စုံစမ်းစစ်ဆေးပြီးတဲ့နောက် အိန္ဒိယအာဏာပိုင်တွေဟာ ရထားအရာရှိသုံးဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) က မီးရထားဌာန တာဝန်ရှိသူသုံးဦးကို ဇူလိုင် ၇ရက် သောကြာနေမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အော့ဒိရှပြည်နယ်အရှေ့ပိုင်းမှာ  ဇွန်လ ၂ ရက်က ခရီးသည်တင်ရထားနှစ်စင်းနဲ့ ကုန်တင်ရထားတစ်စင်း တို့ သုံးလမ်းသွားလမ်းမှာ တိုက်မိပြီး တိမ်းမှောက်ခဲ့တာမို့ အနည်းဆုံး လူ ၂၇၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အခုလို့ အဖြစ်အပျက်ဟာ ကမ္ဘာပေါ်မှာ  လူဦးရေအများဆုံးနိုင်ငံနိုင်ငံကြီး တစ်နိုင်ငံရဲ့ ကြီးမားပြီး အိုမင်းရင့်ရော်နေတဲ့ ရ ထားလမ်းကွန်ရက်ရဲ့ ဘေးကင်းမှုနဲ့  ပတ်သက်ပြီးမေးခွန်းထုတ်စရာတွေ ထွက်ပေါ်နေပြီး ဖြစ်ပျက်မှု အလုံးစုံကို သိဖို့ အဆင့်မြင့်စုံစမ်းရေးကော်မရှင်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကနဦးစုံစမ်းစစ်ဆေးလို့ တွေ့ရှိရတာက အသွားအလာအချက်ပြမှု ချို့ယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုထားပေမယ့် အမှန်က နည်းပညာပိုင်းဆိုင်ရာချွတ်ယွင်းချက် ဒါမှမဟုတ် လူသားအမှားကြောင့် ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

“ဆုံးရှုံးခဲ့ရသူတွေကို ပြန်မခေါ်နိုင်ပေမယ့် အစိုးရက သူတို့ (မိသားစု) နဲ့အတူ ဝမ်းနည်းကြေကွဲရပါတယ်”လို့ အိန္ဒိယ ဝန်ကြီး ချုပ် နာရန်ဒါ မိုဒီက အခင်းဖြစ်ရာနေရာကို သွားကြည့်ပြီး အခုလို ပြောခဲ့တာဖြစ်ပါတယ်။။

“ဒီဖြစ်ရပ်က အစိုးရအတွက် အရမ်းဆိုးရွားပါတယ်… ဘယ်သူမဆို အပြစ်ရှိတာ တွေ့ရင် ပြင်းထန်တဲ့ အပြစ်ပေးခံရမှာပါ” လို့လည်း သူက ပြောခဲ့တဲ့အကြောင်းသိရပါတယ်။

Ref: CNN

Photo Credit : Stringer/Reuters

Leave a Reply

Your email address will not be published. Required fields are marked *