ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်း ဆုံအနီးမှာ လူနာပို့ရင်း ယာဥ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ရတဲ့ ပရဟိတသူရဲကောင်းကိုမျိုးကိုထွေးကို အောက်တိုဘာလ၁၈ရက်ညနေ၃နာရီမှာ ကျူချောင်းသုဿာန်ကို ပို့ ဆောင် မီးသင်္ဂြိုလ်သွားမှာဖြစ်တယ်လို့ ပရဟိတအသိုင်း အဝိုင်းကနေ သိရပါတယ်။

ကွယ်လွန်သူကိုမျိုးကိုထွေးဟာ အသက်၂၆နှစ်အရွယ်သာရှိသေးပြီး We Love Care ပရဟိတအသင်းရဲ့အသင်းဝင်တစ်ဦးဖြစ်ပြီး အရေးကြီးလူနာတစ်ဦးကို ဆေးရုံပို့ဆောင်ဖို့အတွက် ယာဥ်အကူအဖြစ် လိုက်ပါဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ၁၆ရက်ည၈နာရီကျော်က ရွှေပြည်သာမြို့နယ်၊၁၄ လမ်းဆုံအနီး၊ပုလဲလမ်းမပေါ်မှာ လမ်းဖြတ်ကူးသူတစ်ဦးကို လူနာတင် ကားက တိမ်းရှောင်ရာကနေ ကွန်တိန်နာတွဲကားနဲ့တိုက်မိပြီး ယာဥ်ပေါ်လိုက်ပါလာသူများအနက် ကိုမျိုးကိုထွေးနဲ့လူနာဖြစ်သူ ၂ဦးသေဆုံးခဲ့ကာ ၄ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြတာပါ။



ကိုမျိုးကိုထွေး(၂၆နှစ်)ရဲ့ရက်လည်ဆွမ်းသွပ်ကို အောက်တိုဘာလ၂၂ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊ဘုံရှည်အုန်းကျေးရွာ၊အမှတ် ၉/ ၄၄ ၊အောင်မင်္ဂလာလမ်း မှာရှိတဲ့နေအိမ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။