၉ အောက်တိုဘာ၊၂၀၂၃
လူနာတစ်ဦး၏ ကျောကုန်းအကြိတ်လုံးထဲမှ ကလေးခြေချောင်း ပုံသဏ္ဍန်ထူးဆန်းစွာထွက်ပေါ်လာသည့်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနကသိရသည်။



ယနေ့ အောက်တိုဘာလ ၉ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ လူနာတစ်ဦး၏ ကျောကုန်း အကြိတ်လုံး ကိုခွဲစိတ်စဉ် ကလေးငယ်တစ်ဦး၏ခြေချောင်း ပုံသဏ္ဍန် ထူးဆန်းစွာတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊အဆိုပါ ခွဲစိတ်ကုသမှုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ယနေ့ခွဲစိတ်မှုတွေထဲမှာ ထူးဆန်းတဲ့လူနာတစ်ယောက် တွေ့ရပါတယ်။လူနာရဲ့နောက်ကျော ကုန်းအကြိတ် လုံးကိုခွဲစိတ်ကုသရာမှပုံပါအတိုင်းကလေးတစ်ယောက်ရဲ့ခြေချောင်းလေးများသဖွယ်အကြိတ်လုံးလေးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်”ဟု ယင်းဌာန၏ တာဝန်ရှိသူက ပြောသည်။
Visited 8 times, 1 visit(s) today