
Photo Credit: Ebrahim Noroozi/AP
ကဘူးလ်၊ အောက်တိုဘာ ၁၀
စစ်ပွဲဒဏ်ကြောင့် အတိဒုက္ခ ဒုက္ခရောက်နေရတဲ့ အာဖဂန်နစ္စတန်လို နိုင်ငံတစ်ခုအတွက် ငလျှင်ဒဏ်ခံရပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးတဲ့အပြင် လူအများအပြား ဒဏ်ရာရရှိခဲ့တာက ဆိုးရွှားလွန်းလှတယ်လို့ နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲတွေက ဆိုပါတယ်။ ဒါ့အပြင်ငလျင်လှုပ်ခတ်အပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကူညီဖို့ အကူအညီတွေကိုလည်း ထိရောက်ပြီး မြန်ဆန်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်လာဖို့ မျှော်လင့်နေတဲ့အကြောင်း ပြောပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံရဲ့ တတိယအကြီးဆုံးပြည်နယ်တစ်ခု ဖြစ်တဲ့ ဟီရက်ရဲ့ အနောက်ဘက် ၂၅မိုင်အကွာ မှာအောက်တိုဘာ ၇ရက် စနေနေ့က ပြင်းအား ၆ဒသမ၃ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
မကြာသေးတဲ့ နှစ် ၂၀၂၂ ဇွန်လတုန်းကလည်း အာဖဂန်နစ္စတန်မှာ ပြင်းအား ၅ဒသမ၉ အဆင့်ရှိတဲ့ ငလျှင်ကြီး တစ်ခု လှုပ်ခဲ့ လို့ အသေအပျောက်များခဲ့ရပါသေးတယ်။ လှုပ်ခတ်ခဲ့တဲ့နေရာက ပါကစ္စတန်နဲ့ နယ်နိမိတ် ချင်းထိစပ်နေတဲ့ အရှေ့ပိုင်း ပက်တီကာနဲ့ ခို့စ် ပြည်နယ်တွေမှာ ဖြစ်ပြီး လူတစ်ထောင်ကျော် သေဆုံးခဲ့ကြ ရပါတယ်။။
နောက်ဆက်တွဲငလျင်တွေကြောင့် အပျက်အစီးကြားမှာ ပြိုကျထိမှန်တာမျိုးတွေကို စိုးရိမ်ပြီး လမ်းတွေပေါ်မှာ စုရုံးနေ ကြရသလို တစ်ဖက်ကလည်း အသက်ရှင်ကျန်ရစ်သူတွေ ၊ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေ နေ့ည လုပ်နေကြရပါတယ်။
“အပျက်အစီးများအောက်က အသက်ရှင်ကျန်ရစ်သူတွေကို လက်ဗလာနဲ့ ကယ်ဆယ်ဖို့ အပြင်းအထန်ကြိုး စား နေရဆဲ ဖြစ်တယ် လို့ World Vision Afghanistan အဖွဲ့ရဲ့ အမျိုးသားဒါရိုက်တာ သာမင်ဒရီ ဒီဆေးလဗား က ပြောပါတယ်။
မြို့တော် ကဘူးလ်ကနေ အားဖြည့်အဖွဲ့တွေ ကူညီဖို့ ရောက်ရှိလာပေမယ့်လည်း ဆေးရုံတစ်ရုံသာရှိတာမို့ အခက် အခဲကြုံနေရပြီး အခြားပုဂ္ဂလိက အဆောက်အအုံကို ဆေးရုံလို အသုံးချနေရတယ်လို့လည်း သိရပါတယ်။
“ကျွန်တော်တို့ တတ်စွမ်းသမျှ လုပ်နေပါတယ်။ လူတွေအတွက် အရေးပေါ် ဆေးကုသမှု၊ ရေ၊ အစားအသောက်၊ အမိုး အကာ နဲ့ ဘေးကင်းဖို့ ကူညီမှုတွေ လိုအပ်နေပါတယ်”လို့ ဒီဆေးလ်ဗားက ပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကပံ့ပိုးတဲ့ရန်ပုံငွေထောက်ပံ့မှုက မလုံလောက်တဲ့အကြောင်း World Vision Afghanistan ရဲ့ တာဝန်ရှိသူ ဆဲလ်ဒါ က ပြောပါတယ်။
“ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ အစိုးရတွေနဲ့ အလှူရှင်တွေရဲ့ ဘာကတိကဝတ်တွေ မှာ ပေးစရာမလိုတဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်” လို့လည်း ဆဲလ်ဒါ က ပြောဆိုထားတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ငလျှင်ကြောင့် အမိုးပြိုသွားတဲ့ အိမ်တစ်လုံး
Feature Image Credit: MUHAMMAD BALABULUKI/AFP/Middle East Images/AFP via Getty Images