လူထောင်ချီ တရုတ်ကို ကူးဖို့ပြင်

၈ ဇန်နဝါရီ၊၂၀၂၄

မူဆယ်မြို့ကနေ တရုတ်နိုင်ငံကို သွားရောက်မယ့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)တုံကင်ကတ်ယူသူဇန်နဝါရီလ၇ရက်နေ့တစ်ရက်ထဲ တုံကင်လာယူသူ

ရှစ်ထောင်ကျော်ရှိနေတယ်လို့ မြို့ခံပရဟိတအဖွဲ့အချို့ဆီက သိရပါတယ်။

“ပေးနိုင်မယ့်နေရာတွေတန်းစီကြတာ

နေရာရောင်းသူတွေ၊ကြားဖြတ်ဝင်သူတွေများလို့ လက်မှာမှင်တို့တာတို့လူတိုက်ဆိုင်စစ်ဆေးတာ၊တံဆိပ်ရိုက်ပေးတာအပြင် စတေကာကပ်တာလုပ်ပေးမှ ရောင်းစားသူတွေရှင်းသွားတယ် နောက်ရက်ထပ်ယူဖို့ရှိကြသေးတယ်”လို့ဒေသခံတဦးက ပြောပါတယ်။

တုံကင်ရရှိရန်အတွက် စာရင်းရေးသွင်းရမယ့်နေရာမှာ ဇန်နဝါရီလ၇ရက်နေ့က တုံကင်ယူရန်လာရောက်သူ(၇၉၀၀)ကျော်ရှိနေပြီး၊လာရောက်တန်းစီသူများလို့ မူးမေ့လဲသူတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကတ်ဟာမူဆယ်ကနေ တရုတ်နိုင်ငံရွှေလီမြို့ဘက်ကို (၆)ညအိပ်(၇)ရက်သွားရောက်ခွင့်ရတဲ့တစ်ခါသုံးကတ်ဖြစ်ပြီးနောက်ထပ်တကြိမ်တုံကင်တွေကို ဇန်နဝါရီလ(၁၇)ရက်နေ့နောက်ပိုင်းမှသာပေးတော့မယ်လို့ သိရပါတယ်။

တုံကင်ပေးနိုင်မယ့်နေရာတွေမှာ ပွဲစားတွေနေရာဦးထားကြတာမျိုးရှိနေပြီး၊လူတနေရာစာကို တရုတ်ယွမ်၂၀၀ကျပ်တောင်းယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တုံကင်ယူမယ့်သူဟာ နိုင်ငံသားမှတ်ပုံတင်ကတ်ရှိသူဖြစ်ရမှာဖြစ်ပြီးလူစုလူဝေးများနဲ့ ညအိပ်စောင့် နေရာဦးပြီးနေရာပြန်ရောင်းစားသူများကို တုံကင်မပေးဘူးလို့ မူဆယ်မြို့ကမ်းလက်ကူညီပရဟိတအသင်းက သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *