မော်စကို၊ မတ် ၂၄
မတ်လ ၂၃ရက် နေ့ကမော်စကိုမြို့ ခရော့စ်မန်ခန်းမမှာ ကျင်းပနေတဲ့ ဂီတဖျော်ဖြေပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ ပရိသတ် ၁၃၃ ယောက်သေဆုံးပြီး လူ ၁၅၀ကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီနေ့ မတ်လ ၂၄ ရက်မှာတော့ သေဆုံးခဲ့တဲ့ အပစ်မဲ့ပြည်သူတွေအတွက် ရုရှားနိုင်ငံအဝှမ်း ဝမ်းနည်းကြောင်း ဆုတောင်းပွဲတွေ လုပ်နေကြပါတယ်။ အခမ်းအနားမှာ ရုရှာနိုင်ငံ အလံတွေလည်း လွှင်ထူးထားကြပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့ အပြင်ဘက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဲဒိ ပစ်ခတ်မှုဟာ ဆယ်စုနှစ် နှစ်ခုအတောအတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့ပါတယ်။
သမ္မတ ဗလာဒီမာပူတင်ကလည်း တိုက်ခိုက်မှုနောက်ကွယ်က ကျူးလွန်သူတွေကို ခြေရာခံပြီး ပြင်းထန်တဲ့ အပြစ်ပေးမယ်လို့ ကျိန်းမောင်းပြောဆိုလိုက်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် “ချစ်ရသူတွေ ဆုံးရှုံးခဲ့ရသူတွေအားလုံးကို လေးလေးနက်နက် ကြေကွဲဝမ်းနည်းရပါတယ်” ဆိုပြီးလည်း ပူတင်က စနေနေ့က နိုင်ငံကို မိန့်ခွန်းပြောကြားရာမှာ လူသိရှင်ကြားထုတ်ပြောခဲ့ပါတယ်။
သေနတ်သမားတွေဟာ ပစ္စတိုတွေ အပြင် အခြားသေနတ်မျိုးစုံနဲ့ ပရိသတ်ထဲကို ပစ်ခတ်ခဲ့ကြတာပါ။ သေနတ်သမားတွေထဲက တချို့ကို ရဲတပ်ဖွဲက ဖမ်းမိထားပြီး တာဂျစ်ကစ္စတန် နိုင်ငံကူးလက်မှတ်တချိုလည်း သိမ်းဆည်းရထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံသမ္မတ ဇလန်းစကီးကတော့ ဒါဟာ ယူကရိန်းနဲ့ မဆိုင်တဲ့ လုပ်ကြံမှုပါလို့ ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။
Ref: REUTERS
ပုံစာ။ သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပေးနေကြပုံ
Feature Image Credit: REUTERS



