တိုက်တန်းနစ်သငေ်္ဘာကြီးဟာ ၁၉၁၂ ခုနှစ် ဧပြီ၁၅ရက်က မြောက်အတလနိတ် သမုဒရာထဲမှာ မျောနေတဲ့ ရေခဲပြင်ကြီးရဲ့ အောက်ပိုင်းကို ဝင်တိုက်မိရာကနေ နစ်မြုပ် သွားခဲ့တယ်။ နှစ်ပေါင်း၂၁၀ ကျော်တဲ့အထိ လူတွေကို စွဲဆောင်နေဆဲဖြစ်တဲ့ တိုက်တန်း နစ် သဘ်ောပျက်ကြီးဟာ ခုဆိုရင် ရေမျက် နှာပြင်အောက် ပေပေါင်း ၁၂၅၀၀ခန့်မှာ ငြိမ်သက်စွာလဲလျောင်းနေပါတယ်။
အဲဒီသငေ်္ဘာပျက်ကြီးကို သွားကြည့်နိုင်ဖို့ အမေရိကန်အခြေစိုက် သမုဒ္ဒရာ တံခါး ကုမ္ပဏီက ခရီးသည်တစ်ဦးအတွက် ခရီးစရိတ်အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ရယူပြီး ပို့ဆောင်ပေးမယ့်ဝန်ဆောင်မှု စတင်တော့မယ်လို့ မကြာသေးမီက သတင်း ထုတ်ပြန်တယ်။
ဇွန် ၁၈ရက်က တိုက်တန်းနစ် သဘ်ော ပျက်ကြီးရှိရာကို ထွက်ခွါတဲ့ သမုဒ္ဒရာ တံခါးရဲ့ ပွဲဦးထွက် ရေငုတ်သငေ်္ဘာငယ် ပေါ်မှာ သမုဒ္ဒရာတံခါးကုမ္ပဏီရဲ့ ပိုင် ရှင်နဲ့ အမှုဆောင်အရာရှိချုပ် အသက် ၆၁နှစ်အရွယ် စတော့ခ်တန် ရပ်ရှ်၊ အသက်၄၈နှစ်အရွယ် ပါကစ္စတန်နွယ် ဖွား ဗြိတိသျှလုပ်ငန်းရှင်သန်းကြွယ်သူဌေး ရှားဇဒါဒါဝုဒ်၊ သူ့သား အသက်၁၉နှစ် အ ရွယ် ဆူလေမန်ဒါဝုဒ်၊ အသက်၅၈နှစ် အရွယ် ဗြိတိသျှလူစွန့်စား ဟာမစ်ရှ် ဟာဒင်း နဲ့ အသက်၇၇နှစ်အရွယ် မာလိန် မှူးပေါလ်ဟင်နရီနာဂျီယိုလက်တို့ ငါးဦး လိုက်ပါခဲ့တယ်။
နာရီပိုင်းပဲကြာမယ်ဆိုတဲ့ သူတို့ရဲ့ရေငုတ် သဘ်ငေ်္ဘာငယ်ဟာ ငုတ်သွားပြီးပြန် ပေါ်မလာခဲ့တော့လို့ ကုမ္ပဏီကလူတွေစု ပြီးရှာဖွေကယ်ဆယ်ရေး လုပ်ကြတယ်။ ကနေဒါ၊ အမေရိကန်၊ ပြင်သစ် သုံးနိုင်ငံက စစ်သငေ်္ဘာတွေ၊ အရပ်ဖက်သငေ်္ဘာ တွေ၊လေယာဉ်တွေ၊ရဟတ်ယာဉ်တွေ ဝိုင်း ပြီးရှာဖွေပေးကြတယ်။ ဒါပေမယ့် လေးရက် မြောက်တဲ့ ဇွန်၂၁ရက် အထိ ရေငုတ် သငေ်္ဘာကိုရှာမတွေ့ကြဘူး။
ရေငုတ်သငေ်္ဘာပေါ်မှာ လေးရက် အ တွက်ပဲ အောက်စီဂျင်ပါတာဖြစ်တဲ့အတွက် ငါးရက်မြောက်တဲ့အထိသာ ရှာမတွေ့ခဲ့ဘူး ဆိုရင် လိုက်ပါသွားသူငါးဦး အသက်ရှင် သန်ဖို့အတွက် မျှော်လင့်လို့ မရနိုင်တော့ ဘူးလို့ ကျွမ်းကျင်သူတွေက ပြောတယ်။
ပျောက်ဆုံးသွားတဲ့ရေငုတ်သငေ်္ဘာကို ရှာဖွေတဲ့ ဧရိ ယာထဲမှာ ရေအောက်ထဲက ဆူညံသံံတွေကို ကနေဒါကလေယာဉ် တစ်စီး က ထောက်လှမ်းမိထားတယ်လို့အမေရိ ကန်ကမ်းခြေစောင့်တပ်ကပြောခဲ့ပေမယ့် ငေုတ်သငေ်္ဘာထဲလိုက်ပါသွားသူတွေ အသက်ရှင်နိုင်ဖို့အခွင့်အရေးကလည်း နည်းသထက်နည်းလာနေပါပြီ။
Ref: BBC