လိုဏ်ဂူထဲ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ကယ်တင်ဖို့  အိန္ဒိယအာဏာပိုင်တွေက ထိုင်းလှိုဏ်ဂူကယ်ဆယ်ရေး အဖွဲ့ ဆီကိုဆက်သွယ်

နယူးဒေလီ၊ နိုဝင်ဘာ ၁၈

ဟိမဝန္တာတောင်တန်းတစ်ခုအောက်က လိုဏ်ခေါင်းထဲမှာ  နာရီ ၉၀ ကျော်ကြာ ပိတ်မိနေတဲ့ ဒါဇင်နဲ့ချီတဲ့အလုပ်သမားတွေကို ကယ်ဆယ်ဖို့ အိန္ဒိယအာဏာပိုင်တွေ က ၂၀၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ လူသိများခဲ့တဲ့ တောဝက်လူငယ်ဘောလုံးအသင်း ကို ကယ်ဆယ်ရာမှာ ပါခဲ့တဲ့ ထိုင်း ကယ်ဆယ်ရေးအဖွဲ့ကို အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေက ဆက်သွယ်နေတယ်လို့ သိရ ပါတယ်။

 ရေမြုပ်နေတဲ့  လှိုဏ်ဂူထဲက ယောက်ျားလေးဘောလုံးအသင်းကို ကယ်ဆယ်ရာမှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့  ထိုင်းကယ်ဆယ် ရေး အဖွဲ့အပါအဝင် နိုင်ငံတကာအကူအညီတချို့လည်း တောင်းထားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

မြောက်ပိုင်း ဥတ္တရာခန်း  ပြည်နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဥမင်ပြိုကျလို့ အလုပ်သမား ၄၀ ပိတ်မိနေခဲ့ပြီး တချို့ဟာ နေမကောင်းဖြစ်နေပြီဆိုတဲ့  သတင်းထွက်ပေါ်နေလို့  ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ပိုပြီးအရေးတကြီး ဖြစ် လာ နေတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပြီး လေးရက်အကြာထိ ထိရောက်တဲ့ ကယ်ဆယ်မှုတွေ မလုပ်နိုင်သေးသလို လိုဏ်ခေါင်း အပြင်ဘက်မှာ လည်း ဆွေမျိုးသားချင်းတွေက ဒေါသတကြီး စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေကတော့ ထိုင်းအဖွဲ့အပါအဝင် နောဝေးနိုင်ငံက အဖွဲ့ကိုလည်း အကူညီး တောင်းထားတယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၂ရက် တနင်္ဂနွေနေ့မှာ  အိန္ဒိယနိုင်ငံက တည်ဆောက်ဆဲ တောင်ကို ဖေါက်ထွင်းထားတဲ့ ဥမင်လိုဏ် ခေါင်းတစ်ခု ပြိုကျခဲ့လို့ အထဲမှာ အလုပ်သမား ၄၀ ထက်မနည်းပိတ်မိနေတာ ဖြစ်ပါတယ်။၏

Ref: CNN

ပုံစာ။ : ဂူအဝမှာ သတင်းကောင်းစောင့်နေကြတဲ့ ဆွေမျိုးသားချင်းများ

Feature Image Credit: Rahul Grover/AP

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *