စင်္ကာပူ၊ ဇန်နဝါရီ ၃၁
UMG (Universal Music Group) နဲ့ TikTok တို့ကြား စာချုပ် သဘောတူညီချက်တွေ ဆက်ပြီး ညှိနိူင်းမရတာမို့ ထိပ်တန်းအဆိုတော်တွေ ဖြစ်တဲ့ တေလာ ဆွစ်ဖ်၊ ဘလက် ပင့်ခ်အဖွဲ၊ ဘီတီအက်စ်အဖွဲ စတဲ့ကမ္ဘာကျော်တွေရဲ့ သီချင်းတွေ TikTok ကနေ ဖယ်ရှားပေးရတော့မယ်လို့ သိရပါတယ်။
UMG ဟာ ဇန်နဝါရီ ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးတဲ့ ဆိုရှယ်မီဒီယာပလပ်ဖောင်း TikTok နဲ့ သဘောတူညီချက်ကို ဇန်နဝါရီ ၃၁ ရက်မှာ သက်တမ်းထပ်တိုးတာ မလုပ်တော့ဘူးဆိုတဲ့ အကြောင်း ဇန်နဝါရီ ၃၀ ရက်နေ့မှာ တရားဝင် ကြေငြာ လိုက်ပြီး TikTok နဲ့ TikTok Music ဝန်ဆောင်မှုတွေအတွက် လိုင်စင်ကို တရားဝင် ဖျက်သိမ်းတော့မယ့် အကြောင်း ပြောဆိုခဲ့ပါတယ်။
UMG ဘက်က ပြောစကားအရ စာချုပ်သက်တမ်းတိုးဆွေးနွေးမှုတွေမှာ အနုပညာရှင်နဲ့ တေးရေးဆရာတွေ အတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေကို TikTok ဘက်က နှိမ်ထားတယ်ဆိုပြီး အနုပညာရှင်တွေဘက်က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
UMG ကတော့ TikTok ဘက်က ထိုက်သင့်တဲ့ လိုက်လျောမှု မလုပ်ခဲ့ရင်တော့ သက်တမ်းကုန်မယ့် ဇန်နဝါရီ ၃၁ရက်မှာ ဗုဒ္ဓဟူးနေ့မှာ ဆိုခဲ့တဲ့ နုပညာရှင်တွေရဲ့ သီချင်းအားလုံးကို ဝန်ဆောင်မှုကနေ ဖယ်ရှား ပစ်လိုက်တော့မယ်လို့ UMG ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင်TikTokဟာ”ဂီတအတွက်တရားမျှတတဲ့တန်ဖိုးကို မပေးဘဲ စီးပွားရေးကို တည်ဆောက်ဖို့ ကြိုးစားနေတယ်” ဆိုိပြီးလည်း UMG ဘက်က စွပ်စွဲခဲ့ပါသေးတယ်။ ဒါတင်မရ TikTokက ရတဲ့ငွေ ဟာ UMG က တစ်နှစ်ပတ်လုံးရနေတဲ့ ဝင်ငွေရဲ့ (၁) ရာခိုင်နူန်းပဲ ရှိတယ်လို့ ပြောဆိုလိုက်တယ်လို့လည်း သိရပါတယ်။
Ref: CNA
Feature Image Credit: NBC News



