လားရှိုး အလိုတော်ပြည့်ဘုရားအနီးက လျှိုစောင်းထဲမှာ အမည်မသိအမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊ရေကန်တောင်၊တောင်ပတ်လမ်း၊အလိုတော်ပြည့်ဘုရားအနီးက လျှိုစောင်းထဲမှာ ဇန်နဝါရီလ၁၄ရက် ညနေ၄နာရီ၃၆မိနစ်က အမည်မသိအမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“အလိုတော်ပြည့်ဘုရားနားက လျှိုထဲမှာ သေနေတဲ့သူက ဘယ်သူဆိုတာ မသိရသေးဘူး။ကြည့်ရတဲ့ပုံအရကတော့ အသတ်ခံရပြီး လျှိုထဲကို လာပစ်သွားတဲ့ပုံပဲ။အလောင်းကိုတော့ သယ်သွားပြီ။သေနေတဲ့သူက အ သက်၃၀ဝန်းကျင်လောက်ပဲရှိဦးမယ်ထင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးနေသူအမျိုးသားရဲ့ရုပ်အလောင်းကို တာဝန်ရှိသူ များက လိုအပ်တဲ့စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် လားရှိုးလူငယ်များလူမှုကူညီရေးအသင်းက မော်တော်ယာဥ်နဲ့ လားရှိုးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *