လားရှိုး-သီပေါ ပြည်ထောင်စုလမ်းမှာ ကားနဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုး-သီပေါပြည်ထောင် စုလမ်းမကြီး၊ခိုဆန်ထန် အန္တရာယ်ကွေ့မှာ ဇန်နဝါရီလ ၁၄ရက်မနက်၉နာရီ၂၁မိနစ်က ကားနဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားသေ ဆုံးခဲ့ရတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသ တင်းရင်းမြစ်တွေဆီက သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားရာကို လားရှိုးလူငယ်များလူမှုကူညီရေးအသင်းနဲ့မေတ္တာစမ်းရေလူမှုကူညီရေးအသင်း ပူးပေါင်းကာ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး သေဆုံးသူအမျိုးသားရဲ့ရုပ်အလောင်းကို လားရှိုးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူအမျိုးသားရဲ့ အမည်နဲ့နေရပ်လိပ်စာ စုံစမ်းနေဆဲလို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *