လားရှိုးမှာ ၁နှစ်ခွဲအရွယ်ကလေးငယ် ကားနဲ့တိုက်ခံရပြီး သေဆုံးသွားခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့ ရပ်ကွက် ၅၊ ၆၊ ၇ အဝင်လမ်းထိပ်မှာ နိုဝင်ဘာလ ၉ရက် ညနေ၄နာရီ ၁၃မိနစ်က ၁နှစ်ခွဲအရွယ်ကလေးငယ်ကို အိမ်စီးကားတစ်စီးက တိုက်မိခဲ့ပြီး ကလေးငယ်မှာ အခင်းဖြစ်ပွားရာ နေရာမှာတင်သေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသ တင်းရင်းမြစ်တွေဆီက သိရပါတယ်။

Photo-လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့

“တော်တော့ကို လူမဆန်တဲ့ကားသမားပါ။ကလေးကို တိုက်ကြီး ထွက်ပြေးသွားတယ်။ကလေးကတော့ ပွဲချင်းပြီး သေသွားတယ်။ကလေးမိသားစုတွေ တော့ရင်ကျိုးရပြီပေါ့ဗျာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကားနဲ့တိုက်မိလို့သေဆုံးခဲ့ရတဲ့ ကလေးငယ်ရဲ့ရုပ်အ လောင်းကို လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့က မော်တော်ယာဥ်နဲ့ လားရှိုးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *