လားရှိုးမှာ ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိ

■ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတာဖြစ်

ရှမ်းပြည်နယ်(မြောင်ပိုင်း)၊လားရှိုးမြို့၊ရပ်ကွက်(၂)၊မြဝတီဘဏ်အနီး၊ဟန်မင်းစတိုးဘေးမှာ ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁နာရီ၃၉မိနစ်က ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သေဆုံးနေတဲ့သူက ဒေသခံမဟုတ်ဘူး။ပတ်ဝန်းကျင်ကလည်း သူ့ကို မသိကြဘူး။ကြည့်ရတဲ့ပုံအရကတော့ ကျန်းမာရေးကြောင့်နဲ့အခြားတစ်စုံတရာကြောင့် သေသွားတာထင်တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ မော်တော်ယာဥ်နဲ့ လားရှိုးပြည်သူ့ဆေးရုံရင်ခွဲရုံသကို (PR-013)နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo- လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *