လားရှိုးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အိမ်သာတက်စဥ် ကလေးထွက်ကျပြီး မိခင်ရောကလေးပါသေဆုံးခဲ့

ရှမ်းပြည်(မြောက်ပိုင်း) ၊လားရှိုးမြို့၊(၁)ရပ်ကွက်နယ်မြေ (၉)က နေအိမ်တစ်အိမ်မှာ အောက်တိုဘာလ၁၁ရက် မနက် ၁၀နာရီခန့်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အိမ်သာတက်စဥ် ကလေးထွက်ကျပြီး မိခင်ရောကလေးပါသေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ လားရှိုးမြို့၊ (၁)ရပ်ကွက်နယ်မြေ (၉)နေ အသက်၃၆နှစ်အရွယ် မနန်းအေးမြဆိုသူဖြစ်ပြီး ဗိုက်နာလို့ အိမ်သာတက်ချိန် အိမ်သာအတွင်းကလေးထွက်ကျတာကိုမြင်တွေ့ပြီး သွေးတက်ကာ မိခင်နှင့်ကလေးပါသေဆုံးသွားခဲ့တာလို့ သိရပါတယ်။

သေဆုံးသွားသူများရဲ့ရုပ်အလောင်းများကို ကမ္ဘောဇနာရေးလူမှုကူညီရေးအဖွဲ့က လူနာတင်ယာဥ်နဲ့ လားရှိုးပြည်သူဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo- ကမ္ဘောဇနာ/ကူအသင်း

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *