လားရှိုးမြို့ လူငယ်ပြုစုထူထောင်ရေးပရဟိတဂေဟာတစ်ခုအနီးမှာ အမည်မသိအမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊ဟူးမွန်ကျေးရွာ အုပ်စု၊မန်နားကျေးရွာ၊ဘဝသစ် လူငယ်ပြုစုထူထောင်ရေး ပရဟိတဂေဟာအနီးမှာ နိုဝင်ဘာလ၁၅ရက်ညနေ ၄နာရီခွဲခန့်က အမည်မသိအမျိုးသားတစ်ဦးရုပ်အ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“သေနေတဲ့အမျိုးသားက အသက်၅၀ဝန်းကျင်လောက် တော့ရှိမယ်။ထိခိုက်ဒဏ်ရာနဲ့သေနေတာမျိုးမဟုတ်ဘဲ ရောဂါအခံတစ်ခုခုကြောင့် သေသွားတာဖြစ်နိုင်ပါတယ်။

သော်တာ ဘယ်သူမှ ဘယ်မိသားစုကလဲဆိုတာတော့ မသိသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက မော်တော်ယာဥ်နဲ့ လားရှိုးပြည်သူ့ဆေးရုံကြီး-ရင်ခွဲရုံကို ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *