ဖေဖော်ဝါရီ၊၂၆



လားရှိုးမြို့၊ရပ်ကွက်(၅)၊ရေကန်တောင်၊ရေကန်အမှတ်(၁)၊နတ်စင်အနောက်ရှိ တောအုပ်ထဲမှာ ဒီနေ့မနက်ပိုင်းအချိန်က အမည်မသိအမျိုးသားတစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားတဦးသေဆုံးနေတာကို ပြည်သူတစ်ဦးက လား ရှိုးလူငယ်များလူမူကူညီရေးအသင်းဆီကို ဆက်သွယ် အကြောင်းကြားလာတာကြောင့် လာရှိုးပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့၊ထိုမှတစ်ဆင့် ရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။
သေဆုံးသူမှာ-(အမည်၊နေရပ်)မသိရှိရသေးတာကြောင့် သေဆုံးသူအား သိရှိပါက မိသားစုဝင်များထံသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးနိုင်ဖို့လားရှိုးလူငယ်များလူမူကူညီရေးအသင်းက အသိပေးထားပါတယ်။
Visited 41 times, 1 visit(s) today



