လားရှိုးမြို့၊ရေကန်တောင်၊ရေကန်အမှတ်(၂)အနီးမှာ ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊ရပ်ကွက်(၅)၊လားရှိုးမြို့၊ရေကန်တောင်၊ရေကန်အမှတ်(၂)အနီး လမ်းဘေးမှာ ဖေဖော်ဝါရီလ၄ရက် မနက်၉နာရီခွဲကျော်က ပိုင်ရှင်မဲ့အမျိုး သားတစ်ဦး ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘာကြောင့်သေနေတာလဲတော့ မသိဘူး။ဒဏ်ရာနဲ့သေနေတာတော့ မဟုတ်ဘူး။ကျန်းမာရေးကြောင့်လား အ ခြားအကြောင်းအရင်း တစ်ခုခုကြောင့်လားတော့ မသိဘူး။ဆေးရုံမှာ စစ်ကြည့်ရင်တော့ အဖြေတစ်ခုထွက်မှာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသားရဲ့ရုပ်အလောင်းကို လားရှိုးလူ ငယ်များလူမှုကူညီရေးအသင်းက မော်တော်ယာဥ်နဲ့ လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *