လားရှိုးမြို့၊ရပ်ကွက်(၃)မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

■ပေါက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းအရင်း မသိရသေးဘဲကလေး၁ဦးနဲ့ လူကြီး၁ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊ရပ်ကွက်(၃)၊သီရိလမ်းနဲ့ ကြာနီလမ်းထောာင့် RDစက်ပစ္စည်းအရောင်းဆိုင်ရှေ့မှာ ဇန်နဝါရီလ၃၀ရက် ၁နာရီ၅၅မိနစ်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကလေး၁ဦးနဲ့ လူကြီး၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဆိုင်ကယ်နှစ်စီးလည်း ပျက်စီးခဲ့တယ်လို့ ကနဦးစုံစမ်းသိရှိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရနေရာကို လုံခြုံရေးအဖွဲ့တွေ လာရောက်စစ်ဆေးနေပြီး ပေါက်ကွဲမှုဖြစ်ပွားရတဲ့အ ကြောင်းအရင်း မသိရသေးဘူးလို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *