ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊(၅၊၆၊၇)၊အောင်မေတ္တာလမ်းမှာ စက်တင်ဘာ လ၁၈ ရက်မနက်၈နာရီခွဲ ပြင်ပဒဏ်ရာမရှိ ဘဲ အမည်မသိအမျိုးသားတစ်ဦးရဲ့ ရုပ်အ လောင်းကို တွေ့ရှိခဲ့ရတယ်လို့ လူမှုကူညီ ရေးဆောင်ရွက်ပေးသူအသိုင်းအဝိုင်းက သိရပါတယ်။

သေဆုံးနေသူမှာ အသက်၃၀နှစ်ခန့်အရွယ်ဖြစ်ပြီး အကျႌအပြာ၊ဘောင်းဘီအနက်စင်းကြားဝတ်ဆင်ထားကာ ပြင်ပဒဏ်ရာမရှိဘဲ ပက်လက်အနေအထားနဲ့တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးနေသူရဲ့ရုပ်အလောင်းကို လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့က မော်တော်ယာဉ်နဲ့ လားရှိုးပြည်သူ့ဆေးရုံကြီး၊အရေး ပေါ်ဌာနမှတစ်ဆင့် ရင်ခွဲရုံကို(PR-003)နဲ့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။