လားရှိုးမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀၀နဲ့ဘိန်းဖြူ ၂.၂ကီလို ဖမ်းဆီးရမိ

■ဖမ်းဆီးရမိခဲ့တဲ့ မူယစ်ဆေးဝါးများရဲ့ ကာလတန်ဖိုးမှာ ငွေကျပ်(၁၀၈၀)သိန်းဖြစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့မှာ ဇန်နဝါရီလ ၂၅ ရက်နဲ့၂၆ရက်တို့က ကာလတန်ဖိုးမှာ ငွေကျပ် (၁၀၈၀)သိန်းရှိတဲ့စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀၀နဲ့ဘိန်းဖြူ ၂.၂ကီလိုကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်များမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါ ဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီလ၂၅ရက် မနက် ၁၁ နာရီ၄၅မိနစ်က လားရှိုးမြို့၊ရပ်ကွက်(၈)မှာ ဖူ၀င် မောင်း နှင်လာတဲ့ LEXUS အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပ ဘိန်းဖြူအလေးချိန် ၂.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၃၀)၊ စိတ်ကြွရူး သွပ်ဆေးပြား ၉၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၅၀)နှင့် လက် ကိုင်ဖုန်း ၁ လုံးတို့ကိုလည်း ကောင်း၊ဇန်နဝါရီလ၂၆ ရက်နေ့ မနက် ၁၁နာရီ၃၀မိနစ်က လားရှိုးမြို့၊ ရပ်ကွက် (၁)မှာ အောင်ထွေး မောင်းနှင်ပြီး ရန်နိုင် လိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံက စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀)နှင့် လက် ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများဖြစ်တဲ့ ဖူ၀င်၊အောင်ထွေးနဲ့ရန်နိုင်တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်များကို ဆက်လက်ဖော် ထုတ်နေတယ်လို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *