လားရှိုးမြို့မဈေးက ဇွဲထက်ရွှေဆိုင်မှာပေါက်ကွဲမှုတစ်ခုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့ကမြို့မဈေးထဲမှာ ဖွင့်လှစ်ထားတဲ့ ဇွဲထက် ရွှေဆိုင်မှာ ဇူလိုင်လ၁၅ရက်မနက်၇နာ ရီကျော်ကပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရွှေဆိုင်ဝန်ထမ်းအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြပြီး အသက်အန္တရယ် စိုးရိမ်ရသူတွေလည်း ပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရ ပါတယ်။

“ဘာကြောင့် ပေါက်ကွဲမှုဖြစ်တာလဲဆို တာကိုတော့ လုံခြုံရေးအဖွဲ့တွေက စစ်ဆေး နေပါတယ်။ချိန်ကိုက်မိုင်းဖြစ်မယ်ထင် တယ်။မပေါက်ကွဲသေးတဲ့ မိုင်းတွေ တွေ့ တယ်လို့ကြားမိတယ်။မနက်အစောပိုင်းဆိုတော့ ရွှေဆိုင်ဖွင့်ဖို့ရောက်လာတဲ့ ဝန် ထမ်းတွေ ထိကုန်ကျတယ်။မြင်ရသ လောက်ကတော့ ဒဏ်ရာရတဲ့ရွှေဆိုင် ဝန်ထမ်း၁၀ယောက်လောက်ရှိမယ်ထင်တယ်´´လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *