လားရှိုးမြို့နယ်မှာ DENKO ဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့နယ်၊ မယ်ဟန်အုပ် စု၊ နမ့်ခိုက်ကျေးရွာ လားရှိူး-မန္တလေးသွားကားလမ်းပေါ်က DENKO ဆီဆိုင်မှာ စက်တင်ဘာလ၂၇ရကညနေ၄နာရီ ၅၅မိနစ်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့ရတဲ့အကြောင်းအရင်းမှာ ဆီလာဖြည့်တဲ့ဆိုင်ကယ်ကနေ ပေါက်ကွဲမှုဖြစ်ကာ မီးစတင်လောင် ကျွမ်းခဲ့ရပြီး ဆီလာဖြည့်တဲ့ အနီးက ခရီးသည်တင် Expressကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တဲ့အပြင် အမျိုးသား(၃)ဦးနဲ့အမျိုးသမီး(၁)ဦး (စိုးရိမ်ရ)၊ အမျိုးသား(၄)ဦးနဲ့ အမျိုးသမီး(၃)ဦး(မစိုးရိမ်ရ) စုစုပေါင်း (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား(၂)ဦး သေဆုံးခဲ့တယ်လို့ သိပါ တယ်။

မီးလောင်မှုဖြစ်ပွားရာကို လားရှိုးခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၈)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြိမ်းသတ်ပေးခဲ့ရပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ကမ်းလင့်လက်ပရဟိတအသင်း၊ လားရှိုးလူငယ်ပရဟိတအသင်းနှင့် ကြက်ခြနီအသင်းတို့က လူနာတင်ယာဉ်များနဲ့ လားရှိုးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Visited 241 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *