လားရှိုးမြို့နယ်ထဲက အီနိုင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့နယ်၊အီနိုင်းရွာအနီးက အီနိုင်းတံတားဟာ ဒီဇင်ဘာလ၃၁ရက်ညပိုင်းက မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတာကြောင့်လားရှိုး-မူဆယ် ခရီးသွားလာရေးခက်ခဲသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အီနိုင်းတံတားလဲ ကျိုးသွားပါပြီ လားရှိုးနဲ့မူဆယ်လမ်းခရီးတော့ တော်တော်စဥ်းစားရအုံးမယ် ဒီအခြေနေဆိုရင် လား ရှိုးနဲ့ သိပ်မဝေးတော့ဘူး။၉မိုင်လောက်ပဲရှိတော့တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စစ်တပ်နဲ့မြောက်ပိုင်းမဟာညမိတ်အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် ဒေ သခံများအနေနဲ့ နေရပ်စွန့်ခွာထွက်ပြေးနေမှုတွေရှိခဲ့တဲ့အပြင် ဒေသခံပြည်သူများရဲ့ စားဝတ်နေရေးနဲ့စီးပွားရေးတွေမှာ အခက်အခဲပေါင်းများစွာရင် ဆိုင်နေကြရတယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *