လားရှိုးမြို့ခံတွေ စစ်ဘေးရှောင်နေရပြီ

၁၁ ဇန်နဝါရီလ၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် မြို့ခံအများအပြားဟာ ဆွေမျိုးရှိရာနေရာတွေဆီ ရှောင်ပြေးနေကြတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

“ဆိုင်တွေပိတ်ပြီးပြေးကြသူများတယ်၊ငွေကြေးချမ်းသာသူတွေကိုယ်ပိုင်ကားတွေနဲ့ရှောင်ကြတာ ကားတွေတန်းစီနေကြတယ်” လို့လားရှိုးမြို့ခံတဦးကပြောပါတယ်။

ရှောင်ပြေးသူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းဘက်နဲ့ မန္တလေးမြို့တွေ အပြင် နီးစပ်ရာဒေသတွေကိုတိမ်းရှောင်နေကြတာဖြစ်ပြီး၊မြို့တဝက်လောက်ကရှောင်ပြေးနေကြတာပါ။

လားရှိုးမြို့အတွင်း လက်နက်ကြီးတွေ ပစ်ခတ်သံတွေ နေ့စဥ်ကြားနေတယ်လို့ မြို့ခံအချို့ထံကနေသိရပါတယ်။

ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့်မြို့ခံတွေစိုးရိမ်လို့ ရှောင်တိမ်းနေကြရတာလို့ မြို့ခံတွေက ပြောပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *