ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ရပ်ကွက်(၂)က CS Hotelအနီးမှာ စက်တင်ဘာလ၁၉ရက်ညနေ၅နာရီ၂၅မိနစ်က ဆိုင်ကယ်တစ်စီးရဲ့တူးဘောက်ထဲမှ၏ ထောင်ထားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာ ရှိနေတဲ့ အမျိုးသား၁ဦးသေဆုံးခဲ့ရပြီး အမျိုးသား၃ဦးနဲ့အမျိုးသမီး၂ဦးမိုင်းစထိမှန်ဒဏ်ရာတွေရရှိခဲ့ကြတဲ့အပြင် မော်တော်ဆိုင်ကယ်တစ်စီးနဲ့အိမ်စီးမော်တော်ယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။



ဗုံးပေါက်ကွဲမှုဖြစ်ပွားရာကို လားရှိုးမြိုက လူမှုရေးအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရခဲ့သူတွေကို လူနာတင်ယာဉ်များနဲ့ လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
Visited 4 times, 1 visit(s) today