ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊ရပ်ကွက်(၈)၊ သီတာလမ်းက ဆောက်လုပ်ဆဲအဆောက်အဦတစ်လုံးရဲ့အိမ်သာဆားဗစ်ကန်အတွင်းမှာ စက်တင်ဘာလ၂၁ရပ် မွန်းလွဲ၂ နာရီ၄၀မိနစ်က အမျိုးသား၃ဦး အောက်ဆီဂျင်ပြတ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။



အိမ်သာဆားဗစ်ကန်အတွင်း အမျိုးသား၃ဦးအောက်စီဂျင်ပြတ်ပြီး လဲကျနေတဲ့ သတင်းရ ရှိခဲ့တဲ့အတွက် လားရှိုးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အချိန်နဲ့တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပေမယ့် ရုပ်အလောင်းများကိုသာဆယ်ယူရရှိခဲ့တာကြောင့် ရုပ်အလောင်းများကို လားရှိုးလူငယ်များလူမှုကူညီရေးအသင်း၊ကရုဏာဖောင်ဒေးရှင်းနဲ့မေတ္တာစမ်းရေလူမှုကူညီရေးအသင်းတို့က လူနာတင်ယာဉ်များနဲ့လားရှိုးပြည်သူ့ဆေးရုံကု ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Visited 1 times, 1 visit(s) today