ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာတွင် ယနေ့ ဇွန်လ ၁၀ ရက် နံနက်ပိုင်းက လူနေအိမ်ပေါ် အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွားသဖြင့် လူ ၄ ဦး ပိမိသေဆုံးခဲ့ကြောင်း လားရှိုးလူငယ်ပရဟိတအဖွဲ့က သိရသည်။


မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် အငှားအိမ်ဆောင်အခန်းတွဲတစ်ခုအပေါ် ခြံစည်းရိုးအုတ်တံတိုင်း ပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊ ကလေး ၃ ဦး နှင့် အမျိုးသမီးတစ်ဦးသေဆုံးလျက်တွေ့ရကြောင်း အဆိုပါ အခင်း ဖြစ်ပွားရာနေရာသို့ သွားရောက် ကူညီပေးခဲ့သူတစ်ဦးက ပြောသည်။


ယင်း ဖြစ်စဉ်သို့ လားရှိုးမြို့နယ်မီးသတ်ဦးစီးမှူးဦးစီးသည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လားရှိုးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လားရှိုးလူငယ်များလူမှုကူညီရေးအသင်း၊ ကမ်းလင့်လက်ပရဟိတအသင်း၊ပေးသောလက်လူမှုကူညီရေးအသင်း၊ ကမ္ဘောဇနာရေးနှင့်ဆန်လှူအသင်းတို့ က သွားရောက် ကူညီခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။


သေဆုံးသူများကို လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနမှ ရင်ခွဲရုံသို့ ( PR-006/007/008/009)တို့ဖြင့် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။