ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊ရပ်ကွက်(၅)၊၁၉လမ်းနဲ့၃၈လမ်းဒေါင့်က ဆောက်လက်စ အဆောက်အဦပေါ်ကနေ အမျိုးသားတစ်ယောက်ပြုတ်ကျ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု စက်တင်ဘာလ၇ရက်နေ့ မနက်၇နာရီက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ဖြစ်စဉ်မှာ စက်တင်ဘာလ၇ရက်နေ့ မနက်၇ နာရီက လားရှိုးမြို့၊ရပ်ကွက်(၅)၊၁၉လမ်းနဲ့ ၃၈လမ်းဒေါင့်က ဆောက်လက်စ အဆောက်အဦပေါ်ကနေ အမျိုးသားတစ်ဦးပြုတ်ကျသေဆုံးနေတယ်လို့ ဒေသခံပြည်သူတစ်ဦးကအကြောင်းကြားသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ အသက်၂၅နှစ်ဝန်းကျင်ခန့်အရွယ် အကျႌအပြာ ဘောင်းဘီအ
နက်ရောင် အမျိုးသားတစ်ဦးဟာ အဆောက်အဦအနီးက မြောင်းဘောင်ပေါ်မှာ ပက်လက်အနေအထား ဦးခေါင်းဒဏ်ရာများနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး သေဆုံးသွားသူရဲ့ရုပ်အလောင်းကို လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့က မော်တော်ယာဉ်နဲ့ လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။