လားရှိုးကနေ မြစ်ကြီးနားပို့မယ့် ကျပ် ၁ဒသမ၆၄ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ပြောင်းဆေးဝါး Happy Water တွေ မန္တလေးမှာ ဖမ်းမိ

■KTV, CLUB နဲ့ Barတွေမှာ ရောင်းချမယ့် စိတ်ပြောင်းဆေးဝါး Happy Waterတွေဖြစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့ကနေ ကချင်ပြည် နယ်၊မြစ်ကြီးနားမြို့ကို ပို့မယ့် ကာလတန်ဖိုးငွေကျပ် ၁ဒ သမ၆၄ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ပြောင်းဆေးဝါးHappy Water တွေကို ဖေဖော်ဝါရီလ၁၂ရက်နေ့ မနက်၉နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးမှာ လားရှိုး-မန္တလေးသွား AD VAN ခရီးသည်တင် မော်တော်ယာဉ်တစ်စီးပေါ်ကနေ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဖေဖော် ဝါရီလ ၁၂ ရက်နေ့ မနက် ၉ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးမှာ လားရှိုး-မန္တလေးသွား AD VAN ခရီးသည်တင် မော် တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှာ လူမဲ့တန် ဆာ တင်ဆောင်လာတဲ့ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၄၇ ကီလို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီလ၁၄ ရက်နေ့ မွန်း လွဲ ၁ နာရီအချိန် အဆိုပါ စိတ်ပြောင်းဆေးဝါးများကို လားရှိုးက မြစ်ကြီးနားကို သယ် ဆောင်ရောင်းဝယ်သူ များဖြစ်ကြတဲ့ ပြည့်ဖြိုးအောင်(ခ)ဆိုင်လျန်း အား မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ မြစ်ဖျားဧရာအဝေးပြေးကားဝင်းမှာ မော်တော်ဆိုင်ကယ်တစ်စီးနှင့်လည်း ကောင်း၊ ဇာနည်မျိုးနိုင်(ခ)ဇာနည်ကို မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်မှာ စိတ်ပြောင်းဆေးဝါး Happy Water ၂၁၀ ဂရမ်၊ LEXUS မော်တော်ယာဉ်တစ်စီးနှင့် လည်း ကောင်း အသီးသီးဖော်ထုတ်ဖမ်းဆီးရမိခဲ့တာကြောင့် စုစု ပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလိုသိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ စိတ်ပြောင်းဆေးဝါး Happy Water များကို ရှမ်းပြည်နယ်က မန္တလေး၊ မန္တလေးမှမှတစ်ဆင့် ကချင်ပြည်နယ်ကို လူမဲ့တန်ဆာနဲ့ သယ်ဆောင်ပြီး KTV/ CLUB/ BAR နှင့် စားသောက် ဆိုင်များမှာ ရောင်းချသွားမှာလို့ သိရပါတယ်။

စိတ်ပြောင်းဆေးဝါး Happy Water များကိုသယ် ဆောင်ရောင်းချသူများကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ် ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *