
Photo Credit: Monkey Business Images/REX
နယ်သာလန်၊ ဇူလိုင် ၅
နယ်သာလန်နိုင်ငံက စာသင်ခန်းတွေမှာ ဆဲလ်ဖုန်း၊ တက်ဘလက်နဲ့ စမတ်နာရီတွေကို လာမယ် ၂၀၂၄ ဇန်နဝါရီ ၁ ရက် ပညာသင်နှစ်က စပြီး အသုံးပြုဖို့ ခွင့်ပြု့တော့ မှာမဟုတ်ဘူးလို့ ဒတ်ခ်ျအစိုးရက ဇူလိုင် ၅ရက်နေ့က ထုတ်ပြန်ကြေငြာ လိုက်ပါတယ်။ အခုလို လုပ်ဆောင်တာဟာ စာသင်ချိန်တွေမှာ အာရုံထွေပြားမှုတွေ ဖြစ်နေတာကို ကန့်သတ်ဖို့ အတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ချွင်းချက်အနေနဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ သင်ခန်းစာတွေ၊ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်ရှိသူတွေ ဒါမှမဟုတ် မသန်စွမ်းသူတွေ အတွက် ကိုတောင် မဖြစ်မနေ အထူးတလည် လိုအပ်မှသာ အသုံးပြုခွင့်ပေးနိုင်မယ်လို့လည်း သိရပါ တယ်။
“မိုဘိုင်းလ်ဖုန်းတွေဟာ ကျနော်တို့ ဘဝတွေနဲရောယှက်ဆက်စပ်နေတာမှန်ပေမယ့် စာသင်ခန်းတွေထဲအထိတော့ မလိုအပ်ပါဘူး ” လို့ ပညာရေးဝန်ကြီး ရောဘတ်ဒီဂျတ်ဂရာဖ်က ကြေညာချက်တစ်ခုမှာပြောဆိုထားပါတယ်။
မိုဘိုင်းလ်ဖုန်းတွေဟာ စာသင်ခန်းတွေမှာ အနှောက်အယှက်ဖြစ်စေတယ်လို့ သိပ္ပံနည်းကျ သုတေသနတွေကလည်း ဖော်ပြထားပြီးလည်း ဖြစ်ပါတယ်။
ကြားကာလမှာ အခြားလုံလောက်ခိုင်မှာတဲ့ ငြင်းပယ်နိုင်စရာ အချက်အလက် တင်ပြချက်တွေ ပေါ်မလာဘူးဆိုရင်တော့ အခုတားမြစ်ချက်ဟာ ၂၀၂၄မှာ စပြီး အသက် ဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: CNN
Feature Image Photo Credit: Mike Kemp / Blend Images / Getty Images



